ep-27

2.6K 63 16
                                    


ကြေးမုံ ဒီနေရာမှာဆက်ထိုင်နေလို့ ဘယ်နည်းနဲ့မှ မဖစ်နိုင်တော့ပါ ဆိုင်ထဲကလူတွေရဲ့ အကြည့်တွေက အထင်သေးခြင်း အံ့သြခြင်း သနားခြင်း စသော အမည်တပ်ဖော်ပြလို့ မရတဲ့ မျက်ဝန်းပေါင်း မြှောက်များစွာက ကြေးမုံဆီ ကျရောက်နေပီမလား

ကြေးမုံ ရှက်စိတ် ဝမ်းနည်းစိတ် သိမ်ငယ်စိတ်နဲ့အတူ ဗိုက်ထဲက ကလေးကိုတောင်သတိမထားမိပဲ ပြေးထွက်လာခဲ့သည် ထိုမျက်ဝန်းတွေဆီမှာ ကြေးမုံ ဒီထက်ပိုပီး ခံနိုင်ရည်မရှိတော့ပီမလား အဲ့တာကြောင့် အားလုံးနဲ့ဝေးရာဆီ ပြေးထွက်လာမိသည်

ခလေး ကိုယ်ပြန်လာပီး ခလေး ခလေး ဘယ်မှာလဲ ခလေး ခလေး

ဇွဲတယောက် ကောင်တာမှာလူများနေလို့ ခလေးဘက်ကို မကြည့်မိ မြန်မြန်ငွေရှင်းပီး ခလေးဆီလာဖို့ပဲ အာရုံရောက်နေတာမလား

ဒီကညီမ ဟို အကို ခလေးကိုတွေ့မိလား

ရှင်!?!

အော် ဆောရီး အကိုနဲ့အတူပါလာတဲ့ အကို ကောင်မလေးလေ ခုနကဒီမှာထိုင်စောင့်နေတာလေ သူ့ကိုတွေ့မိလား

အော် အဲ့ညီမလေးလား စောနက အသိ အမတယောက်နဲ့ စကားပြောပီး အပြင်ကိုထွက်သွားသည်

ဗျာ အမတယောက်ဟုလား

ခလေးမှာ သံသာနဲ့ ထက်မြတ်ပဲ အသိရှိတာမလား

ဟိုဟာလေ စိတ်တော့မရှိပါနဲ့နော် အဲ့အမကဘယ်လိုပုံစံမျိုးလဲ မှတ်မိလား

အကိုကောင်မလေးထက် အသက်ကြီးပုံပဲ ရုပ်ရည်ကလဲ ချောချောလေးပဲ

ဟုတ် ကျေးဇူးပဲညီမ ဒါနဲ့အကို ကောင်မလေး ထွက်သွားတာ ကြာပီလား

မကြာသေးဘူးရှင့် အကိုမလာခင်လေးက ထွက်သွားတာ

ကျေးဇူးနော် ညီမ အကိုသွားပီး

ခလေး ဘယ်မှာလဲကွာ ကိုယ့်ကိုစိတ်ပူအောင် မလုပ်ပါနဲ့ကွာ ခလေးသာ တခုခုဖစ်ရင် ကိုယ်ပဲ ရင်ကျိုးမှာ......

ဖုန်းကိုင်ပါ ခလေးရာ ........

ကျစ် ! !!.... ဇွဲတယောက် သူခလေးကို အပူတပြင်း လိုက်ရှာနေမိသည်

ခဏအကြာ တွေ့ပါပီ သူ့ခလေး ကားတားနေတာကို ......

ဇွဲ ခလေးဆီကို အပြေးသွားပီး နောက်ကနေ ခလေးကိုယ်လေးကို ဆွဲဖက်လိုက်သည်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now