ep-53

1.1K 33 18
                                    


ဟုတ်ကဲ့ ပါးပါး သားနားလည်ပါတယ် ဟုတ် ဟုတ်ကဲ့ အဲ့တာဆို သား ဖုန်းချလိုက်တော့မယ်နော်

ဘာဖြစ်လို့လဲ ဦးယံ

ဘာဖြစ်ရမလဲ ချီချိီတို့ အိမ်ကလူတွေကိုအသိမပေးဘဲထွက်လာကြတာတဲ့ ဖုန်းဆက်လည်းမကိုင်ဘူး အဲ့တာနဲ့စိတ်ပူပြီး ငါ့ဆီလှမ်းမေးတာ

ဘာ    ငါကိုပြောတော့ မားမားသိတယ်တဲ့ မားမားကိုယ်တိုင်သွားခွင့်ပေးတာတဲ့ ငါဆူအုံးမယ် အတတ်ကောင်းတွေတတ်နေတာ

မဆူပါနဲ့တော့ကွာ စောနလေးတင် ဆူထားပြီးပြီးကို ဒီကိုလာတုန်းလေး လွတ်လွတ်လပ်လပ် ပျော်ပါစေ

ဒါနဲ့ ဘုန်းရှိန် မင်းက တကယ်ငတုံးပဲ ကလေးတွေလှိမ့်တာခံရအောင် မင်းက ဘာမှမလုပ်တတ်တဲ့ စည်ပိုင်း ကြီးလား မင်းနဲ့ငါ ငယ်ငယ်လေးထဲက ခင်လာတဲ့သူငယ်ချင်းတွေဆိုတာ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး

ဟေ့ရောင် မင်းအဲ့လိုမပြောနဲ့ ဦးယံ မင်းဘာကြိုက်တယ် ဘယ်အရောင်က မင်းရဲ့fav   colour   ဘယ်အစားစာနှစ်သက်တယ် ဘယ်လိုနေရတာကြိုက်တယ် မင်းရဲ့အကြောင်း က ကြီးနေ အ ထိ အကုန်သိတယ်

အကုန်သိလို့ပဲ တော်တော့တယ် မားမားက ငါ့ကိုမုန်းနေတာတော့ မင်းမသိဘူးလား  ခွေးကောင်

ဦးယံပြောလိုက်တော့ ဘုန်းရှိန် တခုခုကိုသတိရသလိုဖြစ်သွားဟန်နဲ့ ပြန်ချေပမဲ့ ပါးစပ်ကို တင်းတင်းစေ့လိုက်သည်

ကလေးတွေသွားကြပြီမလား ပြီးတော့ မင်းငါ့ကိုစောင့်နေတာမလား ဘုန်းရှိန်

ဟုတ်တယ် မဒေစီနဲ့အတူသွားကြတာပဲ

အဲ့တာဆို သေချာတယ် မဒေစီတော့ နားငြီး တော့မယ်ဆိုတာ

ဒါနဲ့ မင်းရန်ကုန်ပြန်ရောက်ရင် ငယ်လေးအကြောင်း တချက်စုံစမ်းပေးပါအုံး

စိတ်ချပါ မင်းမပြောရင်တောင် ငါဟိုပြန်ရောက်တာနဲ့ စုံစမ်း မလို့ စဥ်းစားထားပြီးသား

မင်းလို့ ယောက်ဖရှိတာ ကံကောင်းလိုက်တာ

အေ မင်းသိရင်ပြီးကော

သွားမယ် လာ တော်ကြာ ငါတို့ကိုစောင့်နေရရင်မကောင်းဘူး

တနေရာအရောက်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now