ep-6

4.1K 97 0
                                    

ဦးကောင်းမြတ်....ဇနီးဖစ်သူကိုရင်ခွင်ထဲထွေပွေ့ထားစဥ်.....တွေးလိုက်တာကတော့
ငါဒီတိုင်းငိုနေလို့မဖစ်ဘူး သမီးအတွက် မိဘတစ်ယောက်အနေနဲ့ဖစ်သင့်တာထက် လုပ်ရမဲ့ဟာကို .....

     ထိုစဥ် ရင်ခွင်ထဲကချစ်ရတဲ့ဇနီးကိုတောင်းပန်စကားဆိုလိုက်မိသည်......

'မြ...ကိုယ်တောင်းပန်ပါတယ်...... ခုနက မြအပေါ်ပြောတဲ့စကားတွေကြမ်းမိခဲ့တယ်......,"

ကိုယ်လဲကြားကြားချင်းဆိုတော့... သမီးဇောနဲ့ပူထူနေတာနဲ့ ကိုယ်နည်းနည်းစကားထဲခက်ထန်ခဲ့တယ် ......

ကိုယ်တောင်းပန်တယ်နော်မြ
ထိုအခါ သူမတိုးတိုးလေး ပြန်ပြောသည်မှာ
' လင်နဲ့မယားကြားထဲမှာ ဒီစကားတွေမလိုအပ်ပါဘူးတဲ့"......

ကိုယ်ကအိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ကိုယ်မိသားစုအသိုက်မြုံလေးကို ကာကွယ်ရမဲ့တာဝန်အပြည့်ရှိတယ်....

       မြနဲ့သမီးလေးရဲ့မျက်ရည်တွေဟာ ကိုယ့်အတွက်တော့ငရဲခန်းပဲ......

     ကိုယ် အဲ့ကောင်လေးနဲ့ဆက်သွယ်ပီး အကျိုးကြောင်းပြောပြပီး သမီးလေးကိုတာဝန်ယူခိုင်းမယ်. .....

သူက   သူမဟုတ်ပါဘူးငြင်းခဲ့ရင်    သူ့မိဘမျက်နှာလဲကိုယ်ထောက်ထားမှာမဟုတ်ဘူး......

   ' တရားဥပဒေဘောင်ထဲကဖြေးရှင်းမယ်"......

" အကယ်၍".....ငွေများမတရားမှုကနိုင်ခဲ့ရင် ကိုယ်မိသားစုအရှက်သိက္ခာအတွက် အသက်ချင်းလဲဖို့ ဝန်လေးနေမှာမဟုတ်ဘူး .....

ဒါဟာမင်းတို့သားမိအပေါ်မှာထားရှိတဲ့ကိုယ်ရဲ့ချစ်ခြင်းမေတ္တာပဲမြ....

ကဲ ကိုယ်လုပ်စရာရှိတာလေးတွေလုပ်ဖို့ သမီးသတိမရလာခင်လေး အပြင်သွားလိုက်အုံးမယ် ....

မြကသမီးဘေးမှာစောင့်နေနော် သမီးနိုးလာရင်ကိုယ်ဆီဖုန်းဆက်လိုက်မြ....
အရာအားလုံးအဆင်ပြေသွားမှာပါ မြမင်းလဲမငိုနဲ့တော့ ကိုယ့်ကိုပဲယုံကြည်ထား ကိုယ်က အားလုံးကိုဖြေရှင်း‌ပေးသွားမယ်....

မြရဲ့နဖူးပြင်ထက်အနမ်းလေးတပွင့်ခြွေခဲ့ပီး
ဆိုလိုက်မိသည် ကိုယ်သွားတော့မယ်နော်မြ......

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now