ep-23

2.5K 56 0
                                    

ကဲ အကိုတို့ ဒီဆိုင်မှာ ထိုင်ကြရအောင်

ကဲဘာစားကြမလဲ အကိုဝယ်ကျွေးမယ်

မဟုတ်တာ အားနာစရာကြီး .....

မဟုတ်တာကွာ အားနာစရာမလိုပါဘူး အကိုညီမသူငယ်ချင်းမလား အကိုညီလေးပဲပေါ့ မဟုတ်ဘူးလား.....

သံသာက ဝက်သားတုတ်ထိုးစားမှာနော်

သဘောပါဗျာ

ထက်မြတ်နင်ကော ဘာစားမလဲ

ဟို ငါက ဖျော်ရည်ပဲသောက်တော့မယ်

ကြေးမုံကကော သံသာ ဘာမှာပေးရမလဲ

နေနေ အကို ကြေးမုံအစား မှာပေးလိုက်မယ် တော်ကြာမတည့်စာတွေ ဖစ်နေမယ်

ကြေးမုံက နွားနို့ပူပူလေးနဲ့ ကိတ်မုန့်လေးစာနော်

အဆင်ပြေသလိုလုပ်ပါ ကိုဇွဲ ကြေးမုံက ကိစ္စမရှိဘူး ......

ဒီအခြေနေကို နားမလည်ဖစ်နေတဲ့သူက ထက်မြတ်ပဲဆိုပါတော့

သံသာကိုကြည့်တော့လဲ ဒီအခြေနေကိုနာလည်နေသလို ထူးထူးဆန်းဆန်း မပြုမှုဘဲ သာမန်ထက်ကို တိတ်ဆိတ် လွန်းနေတယ်

အော် မေ့နေလိုက်တာ ဒီကညီကိုမိတ်ဆိတ်ရအုံးမယ်

အကိုက သံသာရဲ့အကို ဇွဲမြတ်ထူးပါ

ဟုတ် အကိုတွေ့ရတာ ဝမ်းသာပါတယ်

ဒါနဲ့ညီလေးက ထက်မြတ်မလား

သံသာက ညီလေးအကြောင်းတွေ ပြောပြနေကြလေ ခုမှလူကိုယ်တိုင်တွေ့ဖူးတော့တယ် ငါ့ညီက တကယ်အချောလေးပဲ ကိုက သံသာ အပိုတွေလုပ်ပြောနေတယ်ထင်နေတာ ခုတွေ့မှပဲ လက်ခံရတော့တယ်

မဟုတ်တာဗျာ အကိုလဲ အရမ်းချောပါတယ်

ဟား ဟာ ငါ့ညီကတကယ်စကားတတ်တာပဲ

ကိုကိုတော်တော့ မစနေနဲ့တော့

ဟုတ်ပါပီး သံသာရယ် သူငယ်ချင်းကို အထိမခံဖစ်နေပါလား

ကိုကို!.....

ဒါနဲ့ ကြေးမုံနဲ့ အကိုက

အော် အကိုက ကြေးမုံသတိုသားလောင်းပါ မကြာခင်လက်ထပ်ကြတာမှာလေ ဟုတ်တယ်မလား ကြေးမုံ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now