ep-59

1.3K 43 24
                                    

ပိုင်သူတစ်ယောက် အစောကြီးနိုးနေသောကြောင့် မီးဖိုချောင်းထဲ မနက်စာကိုပြင်ဆင်နေပါတော့သည် အကြောင်းကာ အမူးသမားတွေနိုးလာရင် စားဖို့ဆိုပါတော့

ညက ပိုင်သူက နည်းနည်းပဲသောက်တာ အဲ့တာကြောင့် ခုလိုအစောကြီးထနိုင်တာ ဟိုသုံးကောင်ကတော့ မပြောပါနဲ့တော့
အသေကောင်ကြီးတွေကျလို့ မူးပြီးမှောက်သွားကျတာ အဲ့တာနဲ့ ဝိတ်တာကောင်လေးတွေအကူအညီတောင်းပြိီး ကားထဲလိုက်ပို့ခိုင်းရတဲ့အထိ ဒင်းတို့ကခေါ်လို့မရတော့ဘူး

ထိုစဥ် ဧည့်ခန်းထဲက အသံကြားတာတောင် မီးဖိုခန်းထဲကထွက်လာခဲ့သည်

အော် ဘုန်းရှိန် မင်းနိုးလာပြီလား

အင်း အိပ်ချင်မူးတူးလေသံနဲ့ ပြန်ပြောလိုက်သည်

အင်းလို့ပြောနေပေမဲ့လည်း ဘုန်းရှိန်မျက်လုံးတို့က ခုထိမပွင့်သေး အိပ်ယာထကာစဆိုတော့ ဆံပင်တွေကစုတ်ဖွာနေပါတော့သည် ဒါတောင် ဘုန်းရှိန်က ထိုစုတ်ဖွာနေတဲ့ဆံပင်တွေကို လက်နဲ့ကုတ်နေတာ မသိရင် မျောက်မကြီးသန်းရှာနေသလိုပဲ ပိုင်သူ ကြည့်ပြီး ရီနေမိသည်

ဦးယံကတော့ သူတို့အဖွဲ့မှာ အမူးဆုံး အရက်သမား တခါမှသေရည်သေရက်မသောက်တဲ့သူက ညက သောက်တာ ကြွက်တွင်းရေဖြည့်နေသလိုပဲ ခုတော့ နေဖင်ထိုးတာတောင် မနိုးသေးဘူး သူပဲမနိုးသေးတာမဟုတ် အိမ်ကအကောင်ကော ခုထိမနိုးသေးဘူး နိုးလာမှ အပြစ်ပေးရမယ်

ဝါးးးးးး ဟေ့ရောင် ပိုင်သူ ဘယ်အချိန်ရှိနေပြီလဲ

နေ့လယ် ဆယ့်တစ်နာရီကျော်နေပြီး

ဘာ

ထိုအခါမှ ဘုန်းရှိန်မျက်လုံးတို့ ပြူးကျယ်လာပါတော့သည်

မင်း ဘာပြောလိုက်တယ်

နေ့လယ် ဆယ့်တစ်နာကျော်နေပြီလို့ပြောတာ ဘာဖြစ်လို့လဲ

အား ချီးပဲ ငါသေတော့မှာပဲ မင်းအစောကြီးနိုးနေတာ ဘာလို့ငါကိုမနိုးတာလဲ

ညက သောက်စားခဲ့ရတော့ ပင်ပန်းနေတယ်ထင်ပြီး မနိုးတော့တာ

ဘုန်းရှိန် ကမန်းကတန်း ထကာ ရေချိုးခန်းထဲအပြေးဝင်ပြီး ကိုယ်လက်သန့်စင်ပြီးနောက် ဆံပင်ကိုသေချာ ဖြီးသပ်ကာ ပြန်ထွက်လာခဲ့သည်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now