ထူးခန့်မောင်နဲ့ညဏ်သုတ မိုးသည်း အနောက်က အော်ခေါ်လိုက်တော့ လန့်သွားတဲ့ ချစ်သူငယ်ချင်းနှစ်ယောက်
ဘုရား ဘုရား ဒေါ်ရွှေမိုးသည်း ညည်း ညည်း ဘယ်လိုခေါ်လိုက်တယ် အိုက် ဂွမ်းပါပီး.....
ဟီး ဂွမ်းသွားတာလား
ဟဲ့ မိရွှေ ညည်းကိုအဲ့အမေပေးထားတဲ့ ယောကျာ်းနာမည်ကြီးမခေါ်နဲ့လို့ဘယ်နှခါပြောရမလဲ
တော်ကြာ အဆင်တကော်လေးတွေကြားသွားရင် နားရှက်စရာအေးပါဟယ် ထူးထူးနဲ့သုသုရယ် တကယ်ပဲ ဖြစ်ပျက်နေတာ
ဖြစ်ပျက်ရမယ်လေ ကိုယ်တွေက နွဲ့နွဲ့နှောင်းနှောင်း ယောကျ်ား သားတွေ
စကားမစပ်..... "ဘယ်ချိန်ရှိနေပီးလဲ"
ဟဲ့ ကောင်မ ညည်းကိုစောင့်နေတာကြာလှပီး ဘာလို့ဒီလောက်နောက်ကျနေတာလဲ
မနေ့ညက အိပ်ရာဝင်နောက်ကျပီး မနက်ကျတော့ ခေတ်သစ်ကာလနဂါးဖစ်သွားတာဟေ့ ပီးတော့ အိမ်ကအစစ်မနဲ့တလမ်းလုံးရန်ဖစ်နေရတာနဲ့ ကြာသွားတာ.....
လာပါ အတန်းသွားကြရအောင် ဒီနေ့ ဟိုအပျိုကြီးအချိန်မလား ......စာတွေရသွားပီးလား ....... ထူးနဲ့သု
မရလဲ ဝါးချရမှာပေါ့ ....ဟီး အဲ့လိုနေရာမှာကိုယ်တွေက .....ဆရာတစ်ဆူမလား......
ရွှေ နင်ကောရသွားပီးလား
ဟီး မရတရ အပျိုကြီးအချိန်ဆို အတန်းမတတ်ချင်ဘူး ဟီး ....
ရွှေ မငိုနေနဲ့ ပြိတ္တာ မျက်ရည်မြေမကျကောင်းဘူး......
မျောက်မ သုသု ဘာလဲ ငါနင့်အမေပေးတဲ့ ကျားကျားယားယားနာမည်ကြီး အကျယ်ကြီးအော်ပြောလိုက်မှာနော်
ပြောလိုက် ရွှေ ဒါမှ ဒင်းကြွနေတဲ့ဂျို အထဲပြန်ဝင်မှာ......
မိထူး...... ညည်းကငါ့ဘက်ကမနေဘဲနဲ့
နေစရာလား ငါက ငါ့ရွှေယောင်းမဘက်ကနေမှာပေါ့ ..... စဥ်းစားလေ ....
YOU ARE READING
မေတ္တာဟူသည် " အဘယ်နည်း"
Romanceသူငယ်ချင်းရဲ့ မနာလိုမှုကြောင့် ဘဝပျက်ခဲ့ရတဲ့မြကြေးမုံ မချစ်တဲ့သူရဲ့ကိုယ်ဝန်လွယ်ထားခဲ့ရတာကြောင့် အချစ်ဦးနဲ့ဝေးကွာခဲ့ရတဲ့ မြကြေးမုံ တစ်ယောက် ကလေးမွေးပြီးဘာတွေဆက်ဖြစ်မလဲဆိုတာ "မေတ္တာဟူသည် အဘယ်နည်း" ကို လိုက်ပါစီးမျောကြပါစို