Part - 7

37.9K 1.1K 52
                                    

Unicode

အခန်းတံခါးကိုဖြည်းညင်းစွာဖွင့်၍ အထဲဝင်ကာ ယူလာသည့် ပန်းအိုးကို စားပွဲပေါ်တင်လိုက်၏။ ပြတင်းပေါက်လိုက်ကာတွေကိုဖွင့်ကာ
ရှုပ်ပွနေတဲ့ စာကြည့်စားပွဲကိုပါသန့်ရှင်းပြီး
ကုတင်အောက်မှာ ပြုတ်ကျနေတဲ့ အရုပ်တွေကိုလည်း နေရာမှာအစီအစဉ်ပြန်ထားပေးသည်။

တစ်ခန်းလုံးသိမ်းဆည်းနေဆဲ ထိုအသံကြောင့် မီးငယ်နိုးသွားမှာစိုးရိမ်တာမို့ ထင်လင်းသိုက်ရဲ့အပြုအမှုတိုင်းက ညင်ညင်သာသာရှိလှသည်။

အားလုံးပြီးစီးသည်နှင့် ကိတ်ပန်းကန်၊
နွားနို့၊ရေ နဲ့ ဆေးတို့ကို ကုတင်ဘေးက စားပွဲခုံအသေးပေါ်တင်လိုက်၏။

အပူအပင်ကင်းကင်းနဲ့အိပ်ပျော်နေတဲ့ မီးငယ်ရဲ့ နဖူးပေါ်က ခပ်ဝဲဝဲကျနေတဲ့ဆံနွယ်တွေကို သပ်တင်ပေးရင်း ကုတင်အစွန်းမှာထိုင်သည်။
မကြာပါ ... မျက်လုံးတွေပွင့်လာတဲ့ ကလေးငယ်လေးက သူ့နဖူးပေါ်က ထင်လင်းသိုက်လက်ကိုဆွဲကိုင်လာသည်။

"ရေချယ်အိပ်ယာနိုးပါပြီ"

ဆို၍ သူမလက်သေးသေးလေးတွေကို သူ့လက်ဖဝါးနဲ့တစ်ထပ်ထဲကပ်၍ လက်ချောင်းတွေကို ဆော့ကစား၏။

"နေကောင်းသွားပြီလားကလေးလေး"

"ဟုတ် ကောင်းသွားပြီ"

"ဒါဆို လမ်းလျှောက်ဖို့ထမယ်လေ"

"ပွေ့"

"ဘာဖြစ်လို့ ပွေ့ရမှာလဲ"

"လမ်းမလျှောက်နိုင်ဘူး ပွေ့"

"ဂဂျီဂဂျောင်နိုင်တာပဲကွ"

ဂျိုင်းအောက်ကနေမှ၍ ပွေ့ချီလိုက်ပေမဲ့ မီးငယ်ခြေထောက်တွေက သူ့ခါးကိုရစ်တွယ်လာသည်။ပူးပူးကပ်ကပ် အနေအထားမို့ မီးငယ်ကိုယ်အပူရှိန်ကို သူကပါခံစားနေရသည်။

"မနက်ဖြန်ဆို 10နှစ်ပြည့်ပြီ...ဘယ်အချိန်ထိ
လူကိုချီခိုင်းနေဦးမှာလဲ"

"ဘာဖြစ်လို့လဲဟင်...ရေချယ်အသက်ကြီးလာ
တော့ အန်ကယ်ကမချီချင်တော့ဘူးလား"

"မီးငယ်ကိုယ်က လေးတယ်။ကိုယ်အသက်ကြီးရင် ဘယ်ချီနိုင်ပါတော့မလဲ"

HUSBAND:DaddyWhere stories live. Discover now