Part - 5

40.1K 1.2K 38
                                    

Unicode

ရေချယ်လင်းသိုက် ငယ်ငယ်လေးကတည်းက အခုချိန်ထိ နေမကောင်းဖြစ်တိုင်း Doctor
'စိမ့်မယ်ရီကို' ကသာကုသပေးခဲ့ရသည်။

"လင်းသိုက်ပေါက်စလေး နေလို့ကောင်းရဲ့လား"

"မကောင်းဘူးအန်တီ"

"နောက်ဆို ရေကူးဦးမှာလား။ဒီတစ်ခါသာ ဖျားယုံနဲ့ပြီးသွားတာ...အဆုတ်ထဲရေဝင်ရင်တော့ခက်ကုန်လိမ့်မယ်"

"နောက်ဆိုလိမ္မာတော့မှာ"

"ဟုတ်ပါပြီ...ဒါဆို အခုကဆေးတော့ထိုးရမယ် ဘယ်လိုလဲ"

"ဟုတ်"

ဆေးထိုးမကြောက်တဲ့မီးငယ်က ဒီတစ်ချက်တော့ ချီးကျူးရမည်။ခဏတိုင်းနေမကောင်းဖြစ်တတ်ပေမဲ့ ဆေးထိုးပေးတိုင်းမငိုခဲ့တာ ဟိုးငယ်ငယ်လေးကတည်းကပဲ။မီးငယ်က အကြောက်အလန့်နည်းတယ်။

"မင်းသန့်ပြုံးမောင်... ဆေးတိုက်ဖို့အချိန်နဲ့ ဆေးကိုတွဲပေးခဲ့မယ်။ကလေးကိုထပ်ပြီး
အအေးမိမခံနဲ့"

"ဟုတ်ကဲ့ မစိမ့်"

"အင်း ပြီးတော့ ဒီရက်ပိုင်း အစာမာတာတွေ သိပ်မကျွေးနဲ့နော်"

"ဟုတ် မစိမ့် ။ ဟုတ်ကဲ့"

အန်ကယ်သန့်ဟာ လက်နှစ်ဖက်ကိုရှေ့ယှက်၍ ဆုပ်ထားကာ ခေါင်းတညိတ်ညိတ်ဖြင့် နာခံတတ်တဲ့သူတစ်ယောက်လိုပြောင်းလဲသွားတာမို့ ရေချယ့်မျက်နှာလေးကပြုံးစိစိဖြစ်နေသည်။

"ဒါဖြင့် မ ပြန်မယ် ။ ကလေးကိုဂရုစိုက်ကြဦး။ မင်းတို့... ယောကျာ်းလေးတွေချည်း အဆင်မပြေရင် လင်းသိုက်ပေါက်စလေးကို အစ်မဆီပို့ထားလိုက်"

"ဟာ ! "
"ဒါတော့ဘယ်ဖြစ်မလဲ အစ်မရဲ့"
"ကိုယ့်ကလေးက အစ်မနဲ့ဘာဆိုင်လို့လဲ"

တစ်ခွန်းထဲတောင်းလိုက်ပေမဲ့ ငြင်းခံလိုက်ရတာ သုံးခွန်းမို့ ထို၃ယောက်ကို မျက်စောင်းထိုးမိ၏။ တကယ်ပါပဲ သူတို့ကလေးမကို စကားလေးနဲ့တောင်မပေးနိုင်ကြဘူး။

"အစ်မကလည်း စတာပါ။ဖြစ်နေလိုက်ကြတာဟဲ့။ မင်းတို့ကသာ မထည့်ပေးချင်တာ မင်းတို့ကလေးကိုမေးကြည့်ဦး။ကလေးကဖြင့် လိုက်ချင်နေတဲ့ရုပ်လေးနဲ့"

HUSBAND:DaddyWhere stories live. Discover now