Part - 45

27.8K 1K 105
                                    

Unicode

အမြွှာ၃ယောက်အကူအညီဖြင့် ဆေးရုံကို ရောက်သွားသည့်အချိန် လီယိုဇေး
နှလုံးသားတစ်ခုလုံးနာကျင်လာရသည်။

ဦးခေါင်းတစ်ခုလုံးကို ဆေးပတ်တီးအစွပ်အဖြူဖြင့် ပတ်ထားရကာ အောက်ဆီဂျင်ပိုက်တပ်ထားရသည့် ပုံရိပ်ငယ်လေးက သူ့ခြေထောက်တွေကို ယိုင်လဲချင်လုအောင်ဖြစ်ရသည်အထိ။

"အန်ကယ်နဂါး"

မြတ်နိုးသူကတိုးတိုးလေးခေါ်လိုက်သည့်အချိန် ဂုဏ်နဂါးဆိုတဲ့အစ်ကို လှည့်ကြည့်လာသည်။

"သြော် ကလေးတို့"

မျက်ရည်တွေကိုခပ်မြန်မြန်သုတ်ကာ ကုတင်ဘေးထိုင်နေရာကနေ ထလာ၏။

"သတင်းလာမေးကြတာလား"

"ဟုတ် ။ ရေချယ့်အခြေအနေ ဘယ်လိုရှိလဲဟင်"

"ကလေးတို့အရင်ထိုင်ကြပါဦး"

ငိုမဲ့မဲ့မျက်နှာလေးတွေနဲ့ အမွှာ၃ယောက်ကို
ထိုင်ခိုင်းစဉ်  တစ်ဆက်တည်းဆိုသလို
အနောက်ကပါလာတဲ့ ကောင်လေးကိုပါ ကြည့်မိ၏။

"သူက လီယိုဇေးဆိုတာလား"

"ဟုတ်ကဲ့ ကိုနဂါး။ကျွန်တော် ချယ်လေးကိုသတင်းမေးချင်လို့ ကလေးတွေနဲ့ လိုက်လာခဲ့တာပါ"

"သြော်"

"ချယ်လေးအခြေအနေက"

သူပြောပါ့မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ ခေါင်းညိတ်ပြတာမို့ ထိုင်ခုံအလွတ်မှာသာ ဝင်ထိုင်ရင်း နားစွင့်ထားမိသည်။

"အခြေအနေကတော့ မင်းတို့မြင်တဲ့အတိုင်းပဲ။ စိုးရိမ်ရတဲ့အခြေအနေကို ကျော်လာခဲ့ပေမဲ့ သတိရဖို့က စောင့်ရဦးမယ်တဲ့"

"အန်ကယ်သိုက်ကရော အန်ကယ်နဂါး"

"လင်းသိုက်ကတော့ ခေါင်းရော၊ခန္ဓာကိုယ်အပေါ်ပိုင်းက ကားမှန်စတွေကွဲထွက်ပြီး စိုက်ထားတဲ့ဒဏ်ရာတွေရှိတာပေါ့။ပြီးတော့ ခြေထောက်ကိုလည်း ထိထားသေးတယ်။ ကားကဘေးတိုက်ကြီး အရှိန်နဲ့ နံရံကိုတိုက်တာ
တိုက်တဲ့ဘက်က မီးငယ်ဘက်ဆိုပေမဲ့ ဒဏ်ရာအရများတဲ့လူက လင်းသိုက်ဖြစ်နေတယ်။
မီးငယ်က ခေါင်းဆောင့်မိယုံကလွဲ
ဖန်ကွဲစတစ်စရှရာတောင်မရှိဘူး"

HUSBAND:DaddyWhere stories live. Discover now