Part - 11

38K 1.3K 98
                                    

Unicode

"စီနီယာလာမယ်ဆိုလို့ ကျွန်တော်စောင့်နေခဲ့တာ အရူးကြီးလိုပဲ"

"အဲဒီတော့..."

"ဘာဖြစ်လို့မလာတာလဲ။ကျွန်တော်စောင့်နေခဲ့တာ ညနေဘယ်သူမှမရှိတော့တဲ့အထိကိုလေ"

ရေချယ်လင်းသိုက်ကတော့
မကျေမနပ်ပြောလာတဲ့ကောင်လေးကို
မျက်လုံးတစ်ချက်သာဝေ့ကြည့်ပြီး ကော်ဖီကိုအေးဆေးစွာသောက်နေပြန်၏။

"လွန်တယ်မထင်ဘူးလား။ မလာရင်လည်း
မလာဘူးဆိုတဲ့အကြောင်းပြောလိုက်ရင် ကျွန်တော်စောင့်နေမှာမဟုတ်ဘူး"

"..."

"ဒီလိုမျိုးအရူးလုပ်ဖို့တော့မကောင်းပါဘူး။
စီနီယာကမာနကြီးတယ်လို့ကြားထားပေမဲ့ အခုလိုဆက်ဆံတာကြီးကတော့..."

"ဘယ်အချိန်လာခဲ့ပါမယ်ပြောလိုက်မိလား"

ထိုကောင်လေးပါးစပ် ချက်ချင်းပိတ်သွားကာ ဦးနှောက်ကိုအပြေးအလွှားအလုပ်ပေးရသည်။ ဟုတ်တော့လည်းဟုတ်တာပဲ...စီနီယာက
စောင့်နေလို့ပဲပြောခဲ့တာ သူမဘယ်အချိန်မှာ
လာခဲ့ပါ့မယ်လို့မှမပြောခဲ့ဘဲ။

သေစမ်းကွာ... ဒီတစ်ကြိမ်တော့
သူအရူးလုပ်ခံလိုက်ရပြီ။

"အခု ... မင်းကဆက်ပြီးစောင့်မနေနိုင်တော့တဲ့ အတွက် မင်းရဲ့ပန်းကိုလက်ခံဖို့အကြောင်း တို့မှာမရှိတော့ဘူးနော်"

"ဟာ ! အဲလိုတော့မလုပ်ပါနဲ့။လက်ခံပေးပါ"

"မင်းရှုံးသွားတဲ့လောင်းကြေး ၁သိန်းကို ငါပေးမယ်"

"ဗျာ ! "

ရင်ဘတ်ဖွေးဖွေးလေးပေါ်တင်ထားတဲ့ ဆံနွယ်တို့အား အနောက်ကိုသိမ်းပို့လိုက်ရင်း
လှပစွာပြုံးလာတဲ့ နှုတ်ခမ်းပါးလေးတွေက တစ်ဖက်လူကို အသက်မဲ့သွားစေနိုင်သည်။

မတုန်မလှုပ်ဖြစ်သွားတဲ့ကောင်လေးကို ကြည့်ရသလောက်တော့ ရေချယ်သိထားတာ မှန်တယ်ဆိုတဲ့သဘောသက်ရောက်၏။

"ပထမနှစ်ဂျူနီယာတန်းက ခန့်မင်းညီ။
မင်းသူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး ဒီပန်းကို တို့ဆီရောက်အောင်ပို့တယ်ပေါ့။ လက်မခံရင် မင်းရှုံးမယ်...လောင်းကြေးက ၁သိန်းဟုတ်တယ်မလား"

HUSBAND:DaddyWhere stories live. Discover now