Unicode
"မီးငယ် ! အဲတာဘာတွေလုပ်နေတာလဲ"
"အန်ကယ်"
"ဘာတွေလျှောက်ကြည့်နေတာလဲ။ ငြိမ်ငြိမ်လေးထိုင်နေလို့ ကိုယ်ပြောထားတယ်လေ"
လက်တော့ပ်ကိုပြန်ယူရင်း ထိတ်လန့်မှုကို ဖုံးကွယ်လိုက်ပေမဲ့ မီးငယ်က သူ့ကို အကဲခတ်သလိုကြည့်လာသည်။
"အန်ကယ့်ဓာတ်ပုံထဲက လူနှစ်ယောက်က
ရေချယ်နဲ့အရမ်းဆင်တူနေတာပဲ။ သူတို့က
ဘယ်သူတွေလဲဟင်"ဒီတစ်ခါတော့ မျက်နှာအကြီးအကျယ်ပျက်သူက ထင်လင်းသိုက်ပင်ဖြစ်မည်။
"မီးငယ် အမြင်မှားတာနေမှာပါ။အဲလိုပုံမျိုး ကိုယ့်မှာမရှိဘူး"
"အမြင်မမှားပါဘူး သေချာမြင်လိုက်တာပါ။ နာမည်တောင်ပါသေးတယ်"
"မဟုတ်တာမီးငယ်ရယ်။သွားရအောင် အောက်မှာသမီးအန်ကယ်သန့်တို့ စောင့်နေကြတာ အားနာဖို့ကောင်းနေပြီ"
"ယူကီကို က ရေချယ့်မာမီလားအန်ကယ်။ ဟုတ်တယ်မလား။အဲဒီဓာတ်ပုံထဲက လူနှစ်ယောက်က ရေချယ့်မာမီနဲ့ဒယ်ဒီမလား"
"မဟုတ်ဘူးလို့ကိုယ်ပြောနေတယ်လေမီးငယ်။
ကိုယ့်ကိုမယုံဘူးလား""ဟင့်အင်း မယုံဘူး။အန်ကယ်က လိမ်တတ်တယ်။ အဲတာရေချယ့်မာမီနဲ့ဒယ်ဒီ ဟုတ်ပါတယ်"
"မဟုတ်ဘူး"
"မဟုတ်ရင် ဘာဖြစ်လို့ အဲဒီလောက်ကြီး တူနေရတာလဲ။ဖြစ်တတ်တာပဲလို့တော့ အန်ကယ်လာမလိမ်နဲ့…သွေးမတော်သားမစပ်ဘဲ အခုလောက်ကြီး ချွတ်စွပ်မတူနိုင်ဘူး။ပြီးတော့ အန်ကယ်ပြောသလို မဟုတ်ပါဘူးဆိုရင် ရေချယ်ကြည့်နေတဲ့လက်တော့ပ်ကို ဘာဖြစ်လို့ပိတ်လိုက်ရတာလဲ။ အရင်ကလည်းကြည့်နေကြပဲဟာကို"
"မီးငယ် ! "
"ဟိုက် ဆိုတာ ဂျပန်လိုဟုတ်ကဲ့လို့ပြောတာ။ ဘယ်သူမှမသင်ပေးဘဲတတ်နေတာ ရေချယ့်မာမီကဂျပန်လူမျိုးဖြစ်နေလို့ ၊ ရေချယ့်မှာဂျပန်သွေးပါနေလို့ ဟုတ်တယ်မလား"
သူမငြင်းနိုင်တော့တဲ့ စကားလုံးတွေနဲ့ ချက်ကျလက်ကျထောက်ပြကာ ဂျောင်ပိတ်မေးလာတဲ့ မီးငယ်ပါပေ။ရုပ်တည်လေးနဲ့ ရှုတည်တည်စိုက်ကြည့်နေတဲ့
မီးငယ်ဟာ မြန်မာစကားကို လည်လည်ဝယ်ဝယ်
မပြောတတ်တာဟုတ်ရဲ့လား။
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...