Part - 34

23.7K 921 167
                                    

Unicode

"တွေ့ရတာဝမ်းသာပါတယ် ညီမတို့။
အစ်ကိုကမင်းသန့်ပြုံးမောင်ပါ"

"သြော် ဟုတ်ကဲ့။ညီမက အေဇင်ပါ အစ်ကို။
ဒါကအေဇင့်ညီမ Ju "

"အစ်ကိုကို့လည်း ဂုဏ်နဂါးလို ရင်းရင်းနှီးနှီး ဆက်ဆံကျပေါ့ ဟုတ်လား"

စရောက်လာကတည်းက ရေပတ်မဝင်အောင် ပြောဆိုတာ မိတ်ဆက်နေတဲ့မင်းသန့်မျက်နှာက ဘာတဲ့တူသလည်းဆိုရင် 'နွားပြာကြီး အောက်သွားလွတ်နေသလို'ပဲ။အချောအလှလေးတွေ အရှေ့ဆိုတော့ တပြုံးပြုံးနဲ့ ဒင်းကသဘောခွေ့နေသည်။

"အစ်ကိုက ကိုကိုနဲ့အတူတူနေကျတဲ့
သူငယ်ချင်းဆိုတာလား"

"ကိုကို ! သြော်  ဂုဏ်နဂါးကို ခေါ်တာ ကိုကို"

"ဟုတ်။ညီမက ငယ်ငယ်ထဲက ကိုကို့ကို ကိုကိုလို့ပဲခေါ်လာတာပါ"

"အဟွန်း ! စပ်တယ်နော်"

"ရှင် ! "

"သြော် ဒီလိမ္မော်ရည်က စပ်တယ်လို့"

စပ်တယ်ဆိုတဲ့လိမ္မော်ရည်ကို တစ်ခါတည်း
မော့သောက်နေပြန်၏။အိမ်နေရင်း စွပ်ကျယ်အင်္ကျီ၊ဘောင်းဘီပွပွ၊ ဆံပင်ကပွယောင်းယောင်းဖြင့် သောက်ရမ်းအထာကျနေတဲ့ မင်းသန့်ပုံစံကြောင့် ကြားကမျက်နှာပူရတာက ဂုဏ်နဂါးသာဖြစ်သည်။

"ညီမလေးတို့က ဒီမှာပဲတည်းကျမယ်ဆို လည်ပတ်ဖို့အတွက် အစ်ကိုစီစဉ်ပေးပါ့မယ်။ ရောက်တုန်းအဝလည်ကျပေါ့ကွာ"

"ကိုကိုလည်းလိုက်လာခဲ့လေ။ အေဇင်တို့က
ဘာမှမသိတဲ့လူတွေဆိုတော့ ကိုကိုလိုက်လာမှ အဆင်ပြေမှာ … "

"အစ်ကိုကမအားလောက်ဘူးအေဇင်ရယ်။ အားနာလိုက်တာ။အိမ်မှာက ထင်လင်းသိုက်ကလည်း လန်ဒန်ကို ခဏပြန်အုံးမှာဆိုတော့ အချိန်တွေက တိုက်နေတယ်။ ကလေးကျတော့
တစ်ယောက်ထဲပစ်ထားလို့ အဆင်မပြေဘူးလေ။ကျောင်းသွားဖို့က အစ်ကိုတို့
ပြင်ဆင်ပေးရအုံးမှာ"

"ကိုကိုမွေးစားထားတဲ့ ကလေးမလေးက အထက်တန်းပဲ ရှိသေးတာလား"

"ဟား အဲ့လိုလည်းမဟုတ်ပါဘူးကွာ မီးငယ်ကLGUမှာ ဒုတိယနှစ်တတ်နေပြီလေ။ စီးပွားရေးကျောင်းသူကြီးပေါ့ဗျာ။ဒါပေမဲ့
အေဇင်တို့စိတ်မပူပါနဲ့ အစ်ကိုစိတ်ချရတဲ့သူ ထည့်ပေးလိုက်မယ်"

HUSBAND:DaddyWhere stories live. Discover now