Unicode
"တော်ပါတော့ဂုဏ်နဂါးရာ ကလေးကမငိုရဘူး မင်းချည်းလိမ့်ငိုနေတော့တာပဲ"
"ဒီအကြောတင်းလေးက ငိုမလား။ငိုမလားကွ"
မီးငယ်နဖူးကိုတွန်းကာပြောရင်း မမောနိုင်ဘဲ ငိုနေသည်မို့ မင်းသန့်စိတ်အချဉ်ပေါက်လာရပြီ။
"အန်ကယ်မငိုပါနဲ့ ရေချယ်မနာဘူးသိလား။ တကယ်မနာဘူး"
"ဘယ့်နှယ်ကွာ… သိသိချင်းကတည်းကတရှုံ့ရှုံ့ ငိုနေတာ ကလေးကတောင်ပြန်ချော့နေရပြီ။
မင်းမရှက်ဘူးလား""ဟ ဒီလောက်ကြီးယောင်နေတာ မနာဘဲနေမလား"
ဂုဏ်နဂါးပြောတာလည်း ဟုတ်တော့ဟုတ်သည်။ မီးငယ်ရဲ့ဘယ်ဘက်ပါးပြင်မှာ လက်ဝါးရာကြီးက သပြေသီးမှည့်ရောင်ပေါက်ကာ ယောင်နေယုံမက လက်သည်းနဲ့ခြစ်မိတဲ့ခြစ်ရာကြီးကလည်း သေချာပေါက်နာနေမှာ။ဒဏ်ရာက မနာဘူးလို့ မီးငယ်ငြင်းရင်တောင် ယွန်းမီပြောခဲ့တဲ့စကားတွေက စိတ်ဒဏ်ရာရချင်စရာတွေချည်းပဲလေ။
နဂိုကအမြင်မကြည်ရတဲ့အထဲ မီးငယ်ကိုပါ ထိပါးလာတော့ ဒီမိန်းမကိုမုန်းသည်ထက်
ပိုနေသည်။"ဒါနဲ့ မီးငယ်"
"ဟင် "
"အဲဒီမိန်းမကို သမီးအန်ကယ်သိုက်က ယူမှာတဲ့လား"
"မယူချင်လို့ရေချယ်အရိုက်ခံလာရတာပေါ့လို့"
"အေးနော် ။ မီးငယ်ပြန်ရိုက်မယ်လည်း သူမထင်ထားလောက်ဘူး"
"ဟီး ရေချယ်ကပြန်ရိုက်လိုက်တာ"
"တော်တယ်။ဒီလိုလှလှလေးပျိုးထောင်ထားတာ သူများရိုက်ဖို့မဟုတ်ဘူး…ရိုက်ထားခဲ့သေသွားလည်းအေးတာပဲ။ကျန်တဲ့ပြဿနာ အန်ကယ်ရှင်းမယ်"
"ဟိုက်"
ထင်လင်းသိုက်ကတော့ မီးငယ်ဆိုးတာ
သူ့ကြောင့်တဲ့။မတတ်နိုင်ဘူး ကလေးက သူများရန်စတိုင်း အမြီးလေးကုတ်ပြီး ငြိမ်နေရမှာလား။မဟုတ်ဘူး။အမြီးဆို မီးငယ်က ဘာဖြစ်သွားပြီလဲ။ခုနကအတွေးကို အခုဖျက်တယ်။ကလေးကငြိမ်ငြိမ်လေး နေရမှာလား။ပြီးတော့ မီးငယ်ကိုခြူစားတယ်ပြောရအောင်
ဒီတိုက်နဲ့ခြံက မီးငယ်နာမည်နဲ့အမည်ပေါက်
ရှိနေပြီးသား။ပြီးတော့ LGU ကလည်း ပိုင်ဆိုင်သူနေရာမှာ ရေချယ်လင်းသိုက်က ထီးထီးကြီး။L Groupကနေခွဲထွက်ထားတဲ့ LMyanmar Companyခွဲ၊လင်းသိုက် ဘဏ်အကောင့်ကသာ အန်ကယ်Lသိုက်လက်အောက်မှာမို့သာ
ထင်လင်းသိုက်နာမည်နဲ့ရှိတာလေ။ တကယ်တမ်းတွက်ကြည့်ရင် ထင်လင်းသိုက်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို မီးငယ်နာမည်နဲ့ထားတာ မီးငယ်ပိစိပေါက်စအရွယ်ကတည်းက။ LGU ရဲ့ ဝင်ငွေက LMyanmarထက်
ဝင်ငွေကောင်းသေးတာ ယွန်းမီဆိုတဲ့မိန်းမ
ဘယ်သိပါ့မလဲ။သူေဋ္ဌးပေါက်စကို သူမို့ ခြူစားမယ်ပြောရတယ်လို့… မီးငယ်မခြူရင်တောင်
သူတို့၃ယောက်ရှာသမျှက မီးငယ်အတွက်ချည်းပဲ။
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...