Part - 48

27.5K 1.1K 104
                                    

Unicode

"ဒီလောက်ထိ ထိခိုက်ထားပြီး သတိပြန်ရလာတာ  အံ့သြဖို့တောင်ကောင်းနေပြီ။သူ့ကံကလည်း ကောင်းနေတာကိုဗျာ... သတိပြန်ရလာပြီဆိုပေမဲ့ ဆေးတော့ ပြန်စစ်ရဦးမယ်နော့်။
ဒီကလေးလည်းသတိရလာပြီ ဆိုတော့
လူနာ... ခင်ဗျားလည်း ပြည့်ပြည့်ဝဝအနားယူဖို့ကောင်းပါပြီဗျာ ။ ဒီရက်ပိုင်း ပင်ပန်းခဲ့ပြီ မဟုတ်ဘူးလား "

လူနာကလေးမလေးကို ဆေးပိုက်တွေဖြုတ်ပေး နေရင်း ကျန်တဲ့လူနာတစ်ယောက်ကို ပြောလိုက်ပေမဲ့ သူ့စကားကို ဘယ်သူကမှထောက်ခံမလာပါ။ တိတ်ဆိတ်နေတာမို့ အပြင်များထွက်သွားကြသလား ...လှည့်ကြည့်လိုက်မှ ဆရာဝန်အဖို့ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

သူ့တို့roundလှည့်လာချိန်မှာတောင် နေချင်သလိုနေတတ်တဲ့ ဒီ၃ယောက်က အခုတော့အပိုးကျိုးစွာဖြင့်.. ၃ယောက်လုံးက သူတို့လက်နှစ်ဖက်ကိုရှေ့ယှက်၍ တောင့်တောင့်ကြီးတွေရပ်ကာ ရိုရိုကျိုးကျိုးဖြစ်နေသည်။

"ခင်ဗျားတို့ အဆင်များပြေကြရဲ့လား"

"ဟုတ်ကဲ့"

"အဲတာဆိုထိုင်ကြလေ... ဘယ့်နှယ် မတ်တပ်ကြီးတွေဖြစ်နေရလဲ။ထိုင်ပါဗျာ ... ထိုင်ကြပါ။ ကျုပ်ကိုအားနာဖို့မလိုပါဘူး"

"ရပါတယ်ဗျာ ကျွန်တော်တို့ကလည်း
ဒေါက်တာကြောင့် အခုလိုရပ်နေတာမဟုတ်ပါဘူး"

"ဒါဆို ! "

ထိုတော့မှ သူ့လူနာကလေးမလေးကို သတိထားမိ၏။ ကလေးမလေးက စူးစူးကြီးကြည့်နေလို့ အဲဒီယောကျာ်းရင့်မာကြီး၃ယောက်က အခုလို ဖြစ်နေတာပေါ့လေ။

"သြော် သိပြီ... သိပြီ။ခင်ဗျားတို့ အဆင်ပြေရင် ပြီးတာပါပဲ။ကျုပ်ကြောင့်လားလို့ sorryဗျာ"

"ဟုတ်ကဲ့ ရပါတယ်ဗျ"

ကလေးမလေးသတိရလာမှ တဗျဗျဖြစ်နေတဲ့ မင်းသန့်ပြုံးမောင်ဆိုသူကြောင့် ဒေါက်တာစိုးလင်း ပါးစပ်အဟောင်းသားဖြစ်နေသည်။ဒီ၃ယောက်နဲ့နေရင် သူလည်း စိတ်ကျန်းမာရေးဆေးရုံရောက်ဖို့သာ ရှိတော့တာပဲ။

အခုမှ အခုထူးဆန်းတာတော့မဟုတ်ပါဘူး။ ဆေးရုံစတတ်လာကတည်းက အဖေ၂ယောက်ဖြစ်နေလို့ ထူးဆန်းခဲ့တာ။

HUSBAND:DaddyNơi câu chuyện tồn tại. Hãy khám phá bây giờ