After Marriage - Extra 5

17.6K 703 72
                                    

Unicode

ငြိမ်သက်လွန်းတဲ့သားဖြစ်သူက သူ့အကျင့်လေးအတိုင်းပဲငြိမ်သက်ကာ စာကိုအာရုံစိုက်ပြီးတွက်ချက်နေသည်။ သားရဲ့မျက်နှာက အကြည်ဓာတ်လေးရသလို...အေးချမ်းသည်။ ပြီးတော့ အရှိန်အဝါတစ်မျိုးကလည်း ကလေးပဲဆိုပြီးအထင်သေးလို့မရနိုင်တာမျိုးပါ။ လိုအပ်မှသာစကားပြောပြီး သူလုပ်စရာရှိတာလေးကိုသာငြိမ်ငြိမ်လေးလုပ်နေတတ်တဲ့ ကလေးမျိုးပင်။မာနကလည်းကြီးကာ သူ့ကိုသနားတာမျိုးကိုလည်းမကြိုက်။

အင်း သားသားကတော့ အနေအေးတာမို့ ဂရုစိုက်ဖို့ ကိုယ့်တာဝန်အပြည့်အဝယူလို့ရပေမဲ့... မီးလေးကတော့ အသွက်လွန်တာမို့ စိတ်ပူနေရသည်။မီးငယ်သွက်တယ်ဆိုတာနဲ့ တစ်ထပ်ထဲကျအောင်သာခြေရာနင်းလိုက်ရင် ကိုယ်တော့ သွေးတက်လို့သေမှာပဲ။သားသားကတော့ သူ့ခြေရာနင်းနိုင်မယ့်ကလေးဖြစ်မှာ... ရုပ်တည်လေးနဲ့ရင်နှစ်သည်းချာလေးရဲ့အရှိန်အဝါကိုတွေးယုံဖြင့် ထင်လင်းသိုက်ကပြုံးမိလာသည်။

"ဖေဖေ ... "

အတွေးထဲနစ်မြောနေဆဲ သားကသူ့ကိုခေါ်လာမှ ထင်လင်းသိုက်အသိကပ်၏။

"သား ဘာဖြစ်လို့လဲ"

"ဖေဖေအလုပ်ရှိရင်လုပ်လေ။သားက တစ်ယောက်တည်းလည်းဖြစ်ပါတယ်"

"အင်း ဖေဖေ့အလုပ်က သားကိုကြည့်နေဖို့ပါဗျာ...ဘာဖြစ်လို့လဲ ။ဖေဖေရှိနေတာ သားအတွက်အနှောင့်အယှက်ဖြစ်လို့လား"

"ဟင့်အင်း ဖေဖေပင်ပန်းမှာဆိုးလို့"

"သားသားမျက်နှာလေးမြင်နေရတာပဲ ပင်ပန်းတယ်ကရှိရဦးမှာလား။အမောပြေလေးတွေကို ဖေဖေကတစ်ချိန်လုံးကြည့်နေနိုင်တယ်"

ပါးအိအိလေးကိုဖျစ်ညစ်လိုက်တော့ သားက ထိုင်ခုံပေါ်ကနေလျောဆင်းသည်။ဘာလုပ်မလို့ပါလဲ စိတ်ဝင်တစားကြည့်နေခိုက်မှာပဲ သူ့ပေါင်ပေါ်တက်လာသည်။

" ဟား ဖေဖေ့သားက ဖေဖေ့ပေါ်ထိုင်ချင်တာလား။လာပါဦးကွာ..."

လူသေးသေးလေး ဂုဏ်ရှိန်လင်းသိုက်လေးကို ပွေ့ချီပြီး သူ့ပေါင်ပေါ်တင်၍ ပါးလေးနှစ်ဖက်ကိုနှစ်ခြိုက်စွာနမ်းလိုက်၏။ပန်းသီးစိမ်းနံ့လေးသင်းနေတဲ့သားရဲ့ကိုယ်က သူ့စိတ်အစုံကိုကြည်လင်အေးမြစေသည်။

HUSBAND:DaddyWhere stories live. Discover now