Unicode
"ကိုယ်တောင်းပန်ပါတယ်ဒယ်ဒီ။ဒီမှာဆက်နေဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့လို့ပါ"
"မင်းရူးသွားပြီထင်လင်းသိုက်။သွက်သွက်ခါအောင် ရူးနေပြီပဲ။အချိန်တစ်ခုရောက်ရင် LGroupကို ဆက်ခံရမဲ့မင်းက ဘယ်လိုပုံစံဖြစ်နေတာလဲ"
"ကိုယ်ဒီမှာဆက်နေရင် မီးငယ်ကိုလက်လွတ်လိုက်ရလိမ့်မယ်။ တကယ်မဖြစ်လို့ပါဒယ်ဒီ"
ဦးညွှတ်ကာတောင်းဆိုနေတဲ့သားဖြစ်သူကို ဦးLသိုက် စိတ်ပျက်ကာ အားမရဖြစ်ရသည်။ ဟိုးအရင်တုန်းကတော့ အချိန်တန်ရင် နေရာမှန်ကိုပြန်လာမှာပဲထင်မှတ်ပြီး လွတ်ပေးထားပေမဲ့ အခုတော့ပိုပြီးဆိုးဝါးစွာ...တခြားနိုင်ငံမှာပဲ အခြေချဖို့ပြောနေ၏။
"ငါ့အသက်လည်း50ကျော်လာပြီ။ နောက်5နှစ်လောက်ဆို ဒီGroupကို မင်းလက်ထဲလွှဲဖို့ အကုန်စီစဉ်ထားပြီးသား။ အဲတာကို မင်းကိုယ်တိုင်သဘောတူထားတာပဲလေ ထင်လင်းသိုက်ရဲ့"
ဟုတ်ပါတယ်။ပထမအကြိမ်LGroupကို ဆက်ခံဖို့အချိန်မှာ မီးငယ်ကို သူမွေးစားခဲ့တယ်။အဲဒီအချိန်တုန်းကတော့ မီးငယ်အတန်သင့်
အရွယ်ရောက်တဲ့အခါ...မီးငယ်အသက်
15နှစ်ပြည့်တဲ့အခါကျရင် LGroupကို
လွှဲပြောင်းယူမယ်လို့ ကတိပေးခဲ့တယ်။"သား ... မင်းခေါင်းထဲ ဘာအတွေးတွေတွေးနေတာလဲ။ကလေးမအတွက်နဲ့ မိုက်ရူးရဲမဆန်ချင်စမ်းနဲ့။ကလေးချစ်လို့လား...အဲလိုဆိုရင် မင်းနဲ့သင့်တော်တဲ့အိမ်ထောင်ဖက်ရှာပေးလို့ ရတယ်။မင်းအိမ်ထောင်ပြုပြီး ကလေးတစ်ယောက်
မွေးလို့ရတယ်။ ဒယ်ဒီမင်းအရွယ်တုန်းကဆို မင်းကိုမွေးပြီးနေပြီ""မဟုတ်ဘူးဒယ်ဒီ။ကိုယ်အိမ်ထောင်ပြုချင်တာ မဟုတ်သလို... ကလေးချစ်တာလည်းမဟုတ်ဘူး ကိုယ့်မီးငယ်ကိုပဲချစ်တာပါ။မီးငယ်ကိုပဲ လက်လွတ်မခံနိုင်တာ"
"မင်းဘာတွေဖြစ်နေတာလဲထင်လင်းသိုက်။
ဘာတွေစီစဉ်နေတာလဲ ဒယ်ဒီ့ကိုပြောစမ်း"သူ့မေးခွန်းကြောင့် ထင်လင်းသိုက်ခေါင်းမော့လာသည်။ပြောရခက်နေတဲ့ပုံစံဖြင့် မျက်နှာက မသာမယာဖြစ်နေသလို အရင်ကသေသပ်စွာ
ဖြီးသင်ထားတဲ့ဆံပင်တွေကလည်း အခုမှ ဖရိုဖရဲ။ ရင်ထဲပူလောင်နေလို့ပဲလားတော့မသိ... ရင်ဘတ်ရှပ်အင်္ကျီကြယ်သီးကို ၃လုံးဆင့်ဖြုတ်ထားပြန်၏။
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...