Part - 18

31.9K 1.2K 107
                                    

Unicode

"ထင်လင်းသိုက် "

"ဟုတ်ကဲ့ဒယ်ဒီ"

"မင်းကလေးမကို ဘယ်လိုတွေသင်ပေးထားတာ
လဲ။ငါ့ကိုဆန့်ကျင်ဖို့  မွေးစားထားတာလား ပြန်စဉ်းစားနေရပြီ"

"ဗျာ…ဒယ်ဒီ ဘာကိုဆိုလိုချင်တာလဲ"

"မနေ့ညက မင်းကလေးမဖုန်းဆက်လာတယ်"

"ဟုတ်ကဲ့"

"မင်းကိုမိန်းမမပေးစားပါနဲ့တဲ့၊သူ့အလုပ်နဲ့သူ
ရှုပ်နေတဲ့လူကို စိတ်ရှုပ်စရာတွေပေးနေတယ်တဲ့"

ထင်လင်းသိုက်မျက်လုံးပြူးသွားရသည်။
မီးငယ်က မကြောက်မလန့်သွားပြောခဲ့တယ်တဲ့။ဒါကြောင့် အစောကြီးအိပ်တော့မယ်ပြောခဲ့ခြင်းမှန်း သူရိပ်မိလာပြီ။

"မင်းကိုယ်တိုင်မငြင်းရဲလို့ ကလေးမကို ပြောခိုင်းတာလား"

"မဟုတ်ဘူးဒယ်ဒီ။ကိုယ်တောင်းပန်ပါတယ်။ ကလေးကဘာမှနားမလည်သေးတော့ ပြောမိပြောရာပြောမိသွားတာဖြစ်မှာပါ"

"ကလေး ကလေးနဲ့ ဟိုကမင်းခေါင်းကို တက်နင်းသွားမယ်ထင်လင်းသိုက်။ မင်းကလေးမကို ဘာမှမသိ၊မတတ်သေးတဲ့ ကလေးငယ်လေးလို့ထင်မနေနဲ့…ဟိုက လည်လွန်းလို့ မင်းကိုပြန်ရောင်းစားခဲ့မယ်။ ဒီလဖေဖော်ဝါရီ14ဆို 18ပြည့်ပြီထင်လင်းသိုက် ကလေးမဟုတ်တော့ဘူး"

"ဒယ်ဒီရယ် မီးငယ်က ကိုယ့်အတွက်တော့ ကလေးတစ်ယောက်လိုပါပဲ။ကလေးက မသိလို့ပြောတာကို လူကြီးဖြစ်တဲ့ကိုယ်တို့က ခွင့်လွှတ်ပေးရမယ်လေ။ပြောရရင် ကလေးက သိပ်သနားဖို့ကောင်းတာ။ငယ်ငယ်ရွယ်ရွယ်နဲ့  မိဘမရှိဘဲ ကြီးပြင်းလာရတာ…အကယ်၍ ကလေးက
မလိမ္မာဘူး၊မသိတတ်ဘူးဆိုရင်တောင် ကိုယ်သွန်သင်ဆုံးမမှုညံ့ဖျင်းလို့"

"တော်ပြီထင်လင်းသိုက် ... တော်ပြီ"

ကလေးမဟုတ်ဘူးပြောလိုက်မှ ကလေး ကလေး ထပ်အောင်ပြောနေတဲ့သားဖြစ်သူအား ဦးLသိုက်အရှုံးပေးလိုက်ပြီဖြစ်သည်။ နောက်ဆုံးကျတော့ ကိုယ်တိုင်ကပဲ ကလေးနဲ့တုယှဉ်လို့ သဘောထားသေးသိမ်တဲ့လူဖြစ်ရပြီ။

"ကလေးက ဒယ်ဒီ့ကိုသံယောဇဉ်ရှိပါတယ်။ ဒယ်ဒီခွင့်လွှတ်လိုက်ပါလား"

HUSBAND:DaddyWhere stories live. Discover now