After marriage - Extra 7

15.5K 644 79
                                    

Unicode

အပြစ်လုပ်ထားသူတို့ထုံးစံအတိုင်း တစ်ယောက်မှရဲရဲဝံ့ဝံ့ဖြေရှင်းချက်မပေးနိုင်ပါ။ ခေါင်းငုံ့ထားကြသူတို့ကြောင့် တိတ်ဆိတ်နေတဲ့ L Groupရဲ့ဥက္ကဌရုံးခန်းက အပ်ကျရင်အောင်ကြားနိုင်လောက်တဲ့အနေအထားဖြစ်နေသည်။

"စာရင်းစစ်ဝန်ထမ်းတွေအများကြီးရှိနေတာတောင် စာချုပ်တစ်ခုလုံးမှားနေတာကိုမမြင်နိုင်တာအတွက် ဘယ်သူကမှဖြေရှင်းချက်မပေးနိုင်ဘူးပေါ့"

မေးခွန်းထုတ်လိုက်ပေမဲ့ ဘယ်သူကမှ ​အသံထွက်မလာ။

"တစ်ဖက်ကုမ္ပဏီနဲ့စာချုပ်ကို ဘယ်အဆင့်ထိ စစ်ရလဲ။ မာဂိုဟက်... မင်းပြော"

"ဗျာ ...ဟုတ် ဟုတ်ကဲ့5ဆင့်ပါ ဥက္ကဌ"

"5ဆင့်... ကိုယ်လက်မှတ်မထိုးခင်စစ်ရတဲ့5ဆင့်မှာ တစ်ယောက်မှတောင်စာချုပ်ကအမှားကိုမမြင်နိုင်တာဆိုတော့။ဝန်ထမ်းတွေကို သေချာမရွေးချယ်နိုင်တဲ့ကိုယ့်အမှားလား"

"တောင်းပန်ပါတယ် ဥက္ကဌ...ကျွန်တော်တို့အမှားပါ။နောက်မဖြစ်စေရပါဘူး တောင်းပန်ပါတယ်"

"ကိုယ်သာမမြင်လိုက်ရင် ဒီအတွက်ဆုံးရှုံးမှုကဒေါ်လာထောင်ပေါင်းများစွာပဲ။ဒါနဲ့များ ဘယ်လိုစိတ်ချမှုမျိုးနဲ့ ဝန်ထမ်းအဖြစ်ဆက်ပြီးထားရမလဲ ကိုယ်မတွေးတတ်တော့ဘူး"

လူအယောက်၂၀ရှိနေတာတောင် စာချုပ်မှာ ပိုရိုက်ထားတဲ့0တစ်လုံးကိုမြင်ဖို့ရာခဲယဥ်းနေကြသည်။မတော်လို့ ကိုယ်သာမစစ်မိရင် စာချုပ်က တစ်ဖက်ကုမ္ပဏီကိုဒီအတိုင်းရောက်သွားဖို့ တစ်ဆင့်သာလိုတော့သည်။ ဒီအတိုင်းသာတစ်ဖက်က လက်မှတ်ထိုးလိုက်ရင် L Groupရဲ့နစ်နာမှုကနည်းနည်းနောနောမဟုတ်ပါ။

"ကိုယ့်အမှားနဲ့ကိုယ်သိကြတယ်မလား။ ထွေထွေထူးထူးမပြောချင်သလို...နောက်တစ်ခေါက်မဖြစ်တော့ပါဘူးဆိုတဲ့ မရေမရာကတိတွေကိုလည်း ကိုယ်လက်မခံနိုင်ဘူး။
ဆိုတော့ ... နှုတ်ထွက်စာကို ကိုယ်တိုင်ရေးပါ"

"ဗျာ !"

"ရောဘတ် ..."

ဘေးမှာအဆင့်သင့်ရောက်နေတဲ့ အတွင်းရေးမှူးကိုခေါ်လိုက်၏။ရောဘတ်ဟာ ဒယ်ဒီ့အတွင်းရေးမှူးရဲ့သားဖြစ်သလို
ကုမ္ပဏီကိစ္စကိုလည်း စေ့စပ်သေချာစွာ လုပ်ဆောင်နိုင်တဲ့ သစ္စာရှိလူတော်တစ်ယောက်ဖြစ်သည်။

HUSBAND:DaddyWhere stories live. Discover now