Unicode
"လေယာဉ်ဆင်းသက်တော့မှာဖြစ်သည့်အတွက် ကျေးဇူးပြုပြီး ထိုင်ခုံခါးပတ်များ
ပတ်ထားပေးကြပါရှင့်... "လေယာဉ်မယ်လေးသတိပေးလိုက်တော့မှ
နားကျပ်ကိုဖြုတ်လိုက်မိသည်။တပ်ထားတဲ့
sleep maskကိုပါချွတ်၍ ပြတင်းပေါက်ကို လှမ်းကြည့်ကာ နှုတ်ခမ်းပါးတစ်စုံက
လှပစွာကွေးညွှတ်သွား၏။ထပ်ပြီးတော့ ဒီနေရာကိုပြန်လာရပြန်ပြီတဲ့လား။ ဝေဒနာတချို့ကြောင့် မျက်နှာလေးက တည်တင်းသွားပြန်သည်။
"ဂရေ့စ်... အိမ်ကိုတစ်ခါတည်းလိုက်လာမလား"
ပြတင်းပေါက်ကိုကြည့်ရင်း မေးလာတဲ့ လေသံခပ်တိုးတိုးက တစ်ကိုယ်တည်းရေရွတ်နေသည့်ဟန်...
"ဟင့်အင်း အစ်မအိမ်ကိုခဏပြန်ရဦးမယ်။ timetableပြန်ဆွဲဖို့လည်း အေဂျင်စီနဲ့ စီစဉ်ရမှာဆိုတော့ ... အင်း မနက်ဖြန်လောက်မှပဲ ပြောင်းခဲ့တော့မယ်လေ"
"ok "
မန်နေဂျာကို ထိုမျှသာပြော၍ ခပ်ကြီးကြီးမျက်မှန်အနက်ရောင်ကို တပ်လိုက်၏။
မကြာခင်ကာလမှာပဲ မြန်မာပြည်ကို ခြေချရတော့မည်။ တုန်ရီနေတဲ့ဝဲဘက်ရင်အုံက စိတ်လှုပ်ရှားလို့ပဲလား...ဒါမှမဟုတ် ရင်ခုန်သံတွေလား မသဲကွဲပါ ။ ရင်ခုန်တယ်ဆိုရင်ရော ဘယ်သူ့အတွက် ရင်ခုန်တာလဲ။
စိတ်လှုပ်ရှားတယ်ဆိုတာကတော့
သူမဟာ လန်ဒန်အခြေစိုက် D.G အေဂျင်စီမှာ အောင်မြင်မှုတွေတရှိန်ထိုးရနေတဲ့ တတ်သစ်စအဆိုတော်တစ်ယောက်ဖြစ်တာမို့ ။သူမရဲ့အောင်မြင်မှုဟာ ဇာတိမြေမြန်မာပြည်မှာ ရိုက်ခတ်မှုရှိတယ်ဆိုပေမဲ့ သူမပြန်လာခဲ့တဲ့ အကြောင်း မီဒီယာတွေကိုအသိမပေးခဲ့သည်မို့ မြန်မာပြည်က ပရိသတ်တွေ သိစရာအကြောင်းတော့မရှိဘူးထင်သည်။ဒါကို ဘာတွေစိတ်ပူနေပါသလဲ။:::::::::::::::
ထွက်လာတဲ့လူတိုင်းကိုသေသေချာချာကြည့်
နေပေမဲ့ သူတို့မျှော်နေတဲ့သူဟာ ထွက်မလာသေးတာမို့ 'ဂုဏ်နဂါး' နှင့် ' မင်းသန့်ပြုံးမောင်'တို့ ချွေးပြန်နေ၏။ဒီကလေးမလေးနဲ့မတွေ့ရဘဲ အိမ်ပြန်လို့မရဘူးသည်မို့ မင်းသန့်ပြုံးမောင်က ခါးထောက်ကာ...
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...