Unicode
ကိုကောင်းဆီကပို့လာတဲ့ လချုပ်စာရင်းတွေကို စစ်ဖို့ကျန်နေသေးတာမို့ မီးငယ်တို့စကားဝိုင်းထဲမဝင်နိုင်ဘဲ ဘေးကဆိုဖာမှာထိုင်ကာ laptopတစ်လုံးဖြင့်သာ အလုပ်ရှုပ်နေရသည်။အရင်တစ်ခါ စာမေးပွဲစစ်ထားတဲ့ LGU က အမှတ်စာရင်းတွေကိုလည်း ဘေးမှာပုံလျက်ရှိနေတာက ထင်လင်းသိုက်အတွက် အလုပ်ကြွေးဆပ်စရာတွေပင်။
သို့သော် သူ့ဆီထိပျံ့လွင့်လာတဲ့ မီးငယ်ရဲ့ရယ်သံလေးတွေကြောင့် ပြုံးရသည်သာမက
သူ့စိတ်ကပါကြည်လင်နေ၏။"အန်ကယ် "
ထိုစဥ် သူ့နားထင်တွေပေါ်ရောက်လာတဲ့ လက်နွေးနွေးလေးတွေ... လက်လေးတွေက
သူ့နားထင်ကို နှိပ်နယ်နေတာမို့ ထ်ိုလက်ကလေးတွေကို သူကိုင်ကာ..."မနှိပ်နဲ့လေ ... လက်တွေနာနေမှာပေါ့"
"အန်ကယ့်ကိုနှိပ်ပေးချင်လို့"
"နေပါစေကလေးရာ။ ဟိုမှာစကားပြောနေကြတာမလား"
"အန်ကယ် အလုပ်များနေလား"
"အင်း"
"အန်ကယ်နဲ့စကားပြောချင်လို့"
"အင်း "
"ဒါပေမဲ့ အလုပ်များနေတယ်ဆို..."
တကယ်လည်းအလုပ်များနေပေမဲ့ သူ့laptopကို
ဟိုဘက်တိုးလိုက်ကာ ... မီးငယ်လက်ကိုဆွဲပြီး
သူ့ပေါင်ပေါ်ထိုင်စေသည်။သူ့ထံစိုက်ကြည့်နေတဲ့ မီးငယ်ရဲ့မျက်ဝန်းကြည်ကြည်လေးတွေကို သဘောကျတာမို့ မျက်ခွံလေးတွေဆီ ဖွဖွနမ်းပြီးသည်နှင့် မီးငယ်ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်ကာ....
"ကိုယ်နားထောင်ပေးမယ်"
"ဟိုက် .. အဲတာဆိုပြောတော့မယ်နော်"
"အင်း"
"အဲဒီညက ဘာဖြစ်ခဲ့တာလဲ။မလိမ်ရဘူးနော်။
အမှန်အတိုင်းပြောပြ ... မယွန်းမီနဲ့ဘာဖြစ်ကြတာလဲ။ မနေ့ကအန်ကယ်သန့်တို့ကိုပြောပြနေပြီး ရေချယ်ကကျန်နေခဲ့တယ်""ကလေးငယ်ငယ်လေးက ဒါတွေသိဖို့မလိုအပ်ဘူးလေ"
"ရေချယ်က လူကြီးဖြစ်နေပြီ။ပြောပြလို့"
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...