Unicode
အဖြစ်အပျက်တွေကမြန်လွန်းတာမို့ ဘာလုပ်ရ
မလဲ၊ဘာလုပ်သင့်လဲ ရုတ်တရက်စဥ်းစားမရပေမဲ့ အခုသူတို့အိမ်ကိုပြန်ရောက်လာပြီ။အိမ်ရဲ့ ဧည့်ခန်းမှာထိုင်ကာ ဘာစကားမှပြောမထွက်ကြသေးပေမဲ့ ၄ယောက်လုံးကအတွေးကိုယ်စီနဲ့ရှိနေမှာအမှန်ပင်။မင်းသန့်အဖို့ ဒီလိုအဖြစ်အပျက်မျိုးဖြစ်လာလိမ့်မယ် ဆိုတာ အိပ်မက်ထဲတောင်ထည့်မမက်ဘူးတာမို့ရုတ်တရက်ရောက်လာတဲ့အခြေအနေကြီးက သွေးပျက်စရာ၊ထိတ်လန့်စရာကောင်းနေသည်။ဘာမှမဖြစ်ခဲ့ကြဘူးလို့ ပြောလာခဲ့ကျမယ်ဆိုရင်တောင် အပေါ်ပိုင်းအဝတ်ဗလာနဲ့အခြေအနေက သူတို့သမီးအတွက်အမဲစက်ကြီးဖြစ်သွားပြီပဲမလား။
"ထင်လင်းသိုက်"
"အင်း"
"ဒီအချိန်လောက်ဆို မင်းစဥ်းစားပြီးဖို့သင့်နေပါပြီ။ ပြော... မနေ့ကဘာတွေဖြစ်ခဲ့ကြလဲ၊ဘယ်လိုတွေ ဖြစ်ခဲ့ကြတာလဲ။ဒီကိစ္စက ကလေးကို
ညှင်းပန်းနှိပ်စက်မှုရောက်နေပြီ""မင်းအဲလောက်အမှုကြီးအောင်တော့မပြောနဲ့လေ ညှင်းပန်းနှိပ်စက်ရအောင် မီးငယ်မျက်နှာကိုလည်း ကြည့်ဦးဟ"
ဂုဏ်နဂါးကိုမျက်စောင်းထိုးရင်း မီးငယ်ဘက်ကြည့်လိုက်တော့ သူမလေးကပြုံးစိစိဖြစ်နေသည်။ထို့ကြောင့် မင်းသန့်ကိုယ့်မျက်နှာကိုယ်အုပ်ရင်းသာ ....။
ကိုယ့်သမီးကကိုအလိုတူအလိုပါဖြစ်နေပါရောလား။
"ဒါပေမဲ့ မနေ့ညကဘာတွေဖြစ်ခဲ့သလဲသိဖို့လိုတယ်။မင်း မှတ်မိပြီလားလင်းသိုက်"
"မနေ့ညက ကိုယ်မီးငယ်ကိုစောင့်ရင်း အိပ်ချင်လာလို့ မီးငယ်ငှားထားတဲ့အခန်းဆီအနားယူဖို့သွားတယ်။ပြီးတော့... ဒါပဲ ကိုယ်အဲဒီအထိပဲမှတ်မိတယ်"
"မီးငယ်ကရော။သမီးဘာတွေဖြစ်ခဲ့တာလဲ...
ဒီကောင် သမီးကိုဘာတွေလုပ်ခဲ့လဲ အန်ကယ့်ကိုပြောပြ""ကလေးကိုအကျပ်ရိုက်အောင်မမေးပါနဲ့မင်းသန့်။ဒါတွေအားလုံးက ကိုယ့်အမှားပါ...ကလေးကဘာသိမှာလဲ"
စိတ်ပျက်လက်ပျက်ဖြင့်သာ မင်းသန့်ပြုံးမောင်အဖို့ အသံတောင်မထွက်နိုင်တော့။
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...