Part - 75

33.8K 1.2K 80
                                    

Unicode

"ဦးထင်လင်းသိုက် ! "

တစ်ဖက်ကဆောင့်အောင့်ပြီးခေါ်လိုက်ပေမဲ့ အဲဒီခေါ်သံလေးကပဲ ကိုယ့်နားထဲကိုချိုမြိန်စွာ
ဝင်ရောက်လာသည်နှင့် နှုတ်ခမ်းတွေကပါ
အလိုလိုပြုံးမိသွားရင်း ထိုအသံလေးက
ကိုယ့်နှလုံးသွေးကြောတွေထဲအထိ
တသိမ့်သိမ့်နှင့် နူးညံ့စွာတိုးဝင်လာပါသည်။

"Suke ကို ဘာကြောင့်စောင့်ကြည့်ခိုင်းထားတာလဲ"

"ဗျာ ! "

"ဘာဗျာလဲလို့ ... Sukeကို စောင့်ကြည့်ပေးဖို့ ပြောထားတာ။ဟုတ်တယ်မလား"

"ကိုယ်မလုပ်ဘူးမီးငယ်ရဲ့"

"အဲတာဆို သူကဘာလို့ အနားမှာအမြဲတမ်းရှိနေတာလဲ။စိတ်ရှုပ်ဖို့ကောင်းအောင်လို့"

"မီးငယ်လေးက စိတ်ရှုပ်လို့လား"

"ဦးထင်လင်းသိုက် ။ မသိသလိုလာမေးမနေနဲ့ အဲတာရှင့်လူမဟုတ်လား။အခုလိုဆက်ပြီး
စောင့်ကြည့်နေမယ်ဆို ရေချယ့်အဆိုးမဆိုနဲ့နော် .. လိုက်မရှာနိုင်တဲ့နေရာအထိ ထွက်သွားလိုက်မှာနော်။ဒီအတိုင်းလွှတ်ထားပေးစမ်းပါ"

"မီးငယ် မပျော်ဘူးလား။ကိုယ် တကယ်မလုပ်ပါဘူး။မီးငယ်ကိုစိုးရိမ်ပေမဲ့ ကိုယ်လုံးဝမဟုတ်ဘူး"

"သေချာလား"

"အင်း တကယ်ပါ"

"ဒါဆို ပြီးရော "

"မီးငယ် ! ခဏ"

အလျင်စလိုခေါ်လိုက်တဲ့ သူ့အသံကြောင့်
မီးငယ်ရဲ့သက်ပြင်းချသံလေးကိုကြားလိုက်ရသည်။

"ချစ်တယ် ။ ကိုယ်မီးငယ်ကိုချစ်တယ်။ပြီးတော့
လွမ်း ... "

တီ !!!!!!

စကားဆုံးသည်မထိမပြောလိုက်ရခင် တစ်ဖက်ကဖုန်းချသွားတာမို့ သူ့ရင်ထဲမောဟိုက်လာသည်။ထပ်ပြီးနားမထောင်နိုင်လောက်အောင်ထိ ကလေးက သူ့ကိုမုန်းနေပြီပဲကို။

မီးငယ်ကလူလည်မလေး။အရင်တစ်ပတ်တုန်းက Suke ကိုငွေပုံပေးကာ မီးငယ်ရဲ့တစ်နေ့တာကို သူ့ဆီပြန်ပြောပြပေးဖို့ခိုင်းခဲ့သည်။ဒါကို လူလည်မလေးက ချက်ချင်းသိတာပဲ ... သို့သော်သူကတော့ ဝန်ခံလိမ့်မည်မဟုတ်ပါ။အလွမ်းတွေကို ဖြေဖျောက်ဖို့က ဒီတစ်နည်းပဲရှိတယ်လေ။

HUSBAND:DaddyWhere stories live. Discover now