Part - 80

41K 1.4K 150
                                    

Unicode

"မင်းတို့လန်ဒန်ကိုသွားမဲ့ကိစ္စ ကိုယ်လည်းမသိရပါလား။ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီး"

"လက်ထပ်မှတ်ပုံတင်ဖို့ပါကွာ...သိပ်လည်းမကြာပါဘူး။ မင်းက ဒီရက်ပိုင်းအလုပ်ကြွေးဆပ်နေလို့ မပြောရသေးတာ ... အခုပြောပြီလေ"

ပြောပြီလေဆိုတဲ့စကားအဆုံး မင်းသန့်ပြုံးမောင်က ထင်လင်းသိုက်ကိုကျော်ပြီး မီးငယ်ကိုကြည့်သည်။သူမလေးက မေးဆတ်ပြကာ လက်မထောင်ပြတော့မှ...

"ဒီမှာကျတော့ တရားဝင်ဖြစ်ဖို့အဆင်မပြေဘူး
မလား။Kingကပြောတယ် ဟိုမှာ သူ့သူငယ်ချင်းတို့ ာအတွဲက တရားဝင်လက်ထပ်ထားတယ်တဲ့။ငါတို့လည်းအားကျတယ်လေကွာ...အဲတော့ အဲဒီဆီကိုသွားပြီး
လက်ထပ်မှတ်ပုံတင်ကြမယ်လို့ တိုင်ပင်မိကြတာ။ ငါတို့က အစကတည်းက နိုင်ငံသားခံယူထားကြတာဆိုတော့"

"ကိုယ်နားလည်ပါတယ်"

"ဒီမှာ မင်းနဲ့မီးငယ်ပဲကျန်ခဲ့မှာ အဆင်ပြေတယ်မဟုတ်လား"

"ပြေပါတယ်၊ပြေတာပေါ့...ဘာမပြေစရာရှိလဲ"

"တကယ်ပြေရဲ့လား မင်းကြည့်ရတာမပြေသလိုပဲ ဒါဖြင့်လည်း.."

"သွားပါ အခုသွားလည်း ကိုယ်အဆင်ပြေတယ်။ ရက်ကြာလေ ပိုပြီးအဆင်ပြေလေပဲ"

မီးငယ်ဘက်ကိုစောင်းငဲ့ကြည့်ပြီးပြောလိုက်တဲ့ ထင်လင်းသိုက်ကြောင့် မင်းသန့်နဲ့နဂါးပြုံးစိစိဖြစ်သွား၏။

တစ်ယောက်ကလည်း လန်ဒန်ကိုအတင်းနှင်ထုတ်သလို ၊ ကျန်တဲ့တစ်ယောက်ကျပြန်တော့လည်းရက်ကြာလေကောင်းလေပဲတဲ့။
ဒီနှစ်ယောက်ကြားမှာ သူတို့က လူပိုကြီးတွေဖြစ်နေခဲ့တာပဲ။

"တကယ်အဆင်ပြေတယ်ဆို ငါတို့ပြင်စရာရှိတာလေးတွေပြင်လိုက်ဦးမယ် ၊ မီးငယ်နဲ့နှစ်ယောက်ထဲနေခဲ့ဖို့တကယ်အဆင်ပြေတာ ဟုတ်ပါတယ်နော်"

"ကြိုးနဲ့တုပ်ပြီး လေယာဥ်ပေါ်တင်မပေးခင် သွားလိုက်တာပိုကောင်းမယ်မင်းသန့်"

"ဘော .. အကောင်းနဲ့လည်းမေးရသေးတယ်"

ပွစိပွစိရေရွတ်ပြီး မင်းသန့်တို့ထွက်သွားတော့မှ ထင်လင်းသိုက်မျက်နှာကြီးက ခုနကနဲ့ခြားနားစွာပြုံးရွှင်လာသည်။

HUSBAND:DaddyOù les histoires vivent. Découvrez maintenant