Part - 67

29.4K 1.1K 155
                                    

Unicode

မင်္ဂလာဆောင်မှာ ဝတ်စုံ၃စုံလဲဝတ်ချင်ပါသည်ဆိုတဲ့ မီးငယ်ရဲ့နှုတ်ထွက်စကားကို တသွေမသိမ်းလိုက်နာသူက ထင်လင်းသိုက်သာ။အခမ်းအနားမှာဝတ်ဖို့အတွက် ကျေးဆီကို ဒီဇိုင်းပြောပြီးအပ်ထားပေမဲ့ ကျန်သည့်နှစ်စုံကတော့ L Groupလက်အောက်မှာရှိတဲ့
ဝတ်စုံဆိုင်မှာသာလာကြည့်ဖြစ်သည်။သို့သော် ဝတ်စုံ စမ်းဝတ်ကြည့်နေတာကြာနေပေမဲ့ မီးငယ်ကအခုချိန်ထိထွက်မလာသေးတာမို့ ထင်လင်းသိုက်ထိုင်မရ၊ထမရဖြစ်နေပြီ။

"မိန်းကလေး ... "

"ဟုတ်ကဲ့ရှင့်"

"ခုနက သတို့သမီးဝတ်စုံစမ်းဝတ်ကြည့်ဖို့အထဲဝင်သွားတဲ့ကလေးရော၊အခုထိထွက်မလာကြသေးလို့။တစ်ခုခုများဖြစ်နေလား"

"သြော် သူကဆံထုံးထုံးနေလို့ပါရှင့်"

"ဆံထုံး..."

"ဟုတ်ကဲ့... ဧည်သည်ကဝတ်စုံနဲ့လိုက်ဖက်တဲ့ဆံထုံးထုံးကြည့်နေလို့ပါ"

လူဆိုးမလေးက သူ့ကိုတောင်အသိမပေးသွားပါ။

"အင်း ကလေးပဲကို"

ကလေးပေမို့ အသိပေးဖို့မေ့လျောနေတာဖြစ်နိုင်သည်။ထို့ကြောင့် နေရာမှာသာဆက်ပြီးထိုင်နေတာ အချိန်အတော်ကြာသည်အထိ...

"အန်ကယ်"

"အင်း ကိုယ်ရှိ..."

"ဟီး လှရဲ့လား။စမ်းပြီးပြင်ကြည့်လာတာ။ဘယ်လိုနေလဲဟင် ဒီလိုပုံစံလေးလှရဲ့လား။ဒါကိုမကြိုက်ရင် နောက်ထပ်ဝတ်စုံတွေလည်း
စမ်းဝတ်ကြည့်လို့ရတယ်တဲ့"

မီးငယ်အသံတို့က သူ့နားထဲဝင်လာပေမဲ့ အာရုံထဲလက်မခံနိုင်တော့ပါ။ရွှေရောင်ဝတ်စုံလေးဖြင့် နုဖက်ဥထွေးကာ လှချင်တိုင်းလှနေတဲ့ အကောင်သေးသေးလေးကသာ သူ့အာရုံတွေကိုစိုးမိုးထားပြီး၊မြင်ကွင်းကို လွှမ်းမိုးထား၏။

သွားတန်းလေးတွေပေါ်နေသည်အထိ ပြုံးနေတဲ့ အပြုံးချိုချိုလေးက ထင်လင်းသိုက်ရဲ့နှလုံးသားကို ချုပ်ကိုင်ထားတဲ့ ပုလဲလုံးလေးတွေ။သူမ ရယ်သံ တိုးတိုးလွင်လွင်လေးက သူ့ရဲ့ရင်ခုန်သံတွေကို ဆူညံ့စေသည့်တရားခံ။

HUSBAND:DaddyWhere stories live. Discover now