Unicode
မီးငယ်ကိုဝရန်တာဘက်ထွက်ခိုင်းကတည်းက လီယိုဇေးမှာ တစ်ခုခုပြောဖို့ ရှိနေမှန်းသူသိလိုက်သည်။
"အစ်ကို … ဒါကိုမြန်မြန်သောက်လိုက်"
ဗီရိုထဲက ဘူးကိုထုတ်၍ သူ့လက်ထဲထည့်ပေးနေတဲ့ လီယိုဇေးက အလောတကြီးပင်။
"ဒါဘာလဲ ကိုဇေး"
"သံပရာရည်။ဆေးအာနိသင်ကို ခဏလောက်တော့ တောင့်ခံနိုင်မှာပါ"
"မင်းဆိုလိုတာက"
"ဟုတ်တယ်အစ်ကို။အစ်ကိုသောက်မဲ့ ဝိုင်ခွက်ထဲ မမီဆေးခတ်ထားတယ်"
အကြံအစည်တစ်ခုခုရှိနေတယ်ဆိုတာ သိထားသူမို့ သိပ်လည်းအံ့သြမနေတော့ဘဲ လီယိုဇေးပေးတဲ့ ဘူးကိုသာ တစ်ဘူးလုံးကုန်သည်အထိ မော့ချလိုက်သည်။ချဉ်စူးနေတဲ့အရသာက လျှာဖျားမှာတင်ကျန်နေခဲ့သည်နှင့် ရီဝေဝေဖြစ်နေတဲ့ခေါင်းမူးတာကပါ ပျောက်သွားတယ်လို့ ခံစားလိုက်ရတယ်။ဒါဟာဝိုင်ကို တစ်ငုံထဲသောက်မိလို့လည်းဖြစ်မည်။
"ကျွန်တော်တောင်းပန်ပါတယ်အစ်ကို"
"ဘာအတွက်လဲ ကိုဇေး"
"မနေ့ညက …မနေ့ညက ရေသောက်ဆင်းရင်း မမီနဲ့မာမီပြောနေတာကို ကျွန်တော်ကြားခဲ့ရတယ်"
"ကိုယ့်ကိုပြောပြပေးနိုင်မလား"
"မမီက အစ်ကို့ကိုဆေးခတ်ပြီး အစ်ကိုတို့
နှစ်ယောက်ရဲ့ ဓာတ်ပုံကိုယူချင်တာပါ။
မာမီ့မွေးနေ့ဆိုတာကလည်း လိမ်ထားတာ။
ဒါပေမဲ့ အခုလောက်မြန်မြန်လှုပ်ရှားမယ်လို့ ကျွန်တော်မထင်ထားဘူး။ကြည့်ရတာ မမီအကြံကို ကျွန်တော်သုံးခဲ့မိပြီထင်တယ်""လက်ထပ်ပွဲအတွက်ပဲ"
"ဟုတ်တယ်အစ်ကို။ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်ပြီး လက်ထပ်ဖို့တွန်းအားပေးဖို့ မာမီနဲ့မမီတိုင်ပင်နေတာကို ကျွန်တော်ကြားခဲ့တယ်"
"ယွန်းမီမှာ တခြားအကြံဉာဏ်လည်း ရှိမယ်လို့ကိုယ်ထင်တယ်။မီးငယ်ကို ခေါ်လာပါဆိုကတည်းက…"
"ရေချယ်လင်းသိုက်က သူ့အတွက် အကြီးဆုံးအနှောင့်အယှက်လို့ မမီထင်နေတယ်လေ။အဲဒီမြင်ကွင်းကို သူမကိုယ်တိုင်မြင်အောင် ပြချင်ခဲ့တာထင်တယ်"
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...