Unicode
"ထင်လင်းသိုက်မင်္ဂလာပွဲကိုတော့ မင်းသိပြီးသားဖြစ်မှာပါဆုရည်နှင်း။ဒါပေမဲ့ ဂျပန်မှာဖြစ်နေတော့ လာနိုင်မှာမဟုတ်ဘူးမလား"
"ရှင် ! သိုက်က မင်္ဂလာဆောင်တော့မယ် ဟုတ်လား"
"မင်းမသိသေးဘူးကို"
အားလုံးနီးပါးသိသည့်ကိစ္စ၊L Groupထောင်ချီ၊ရှယ်ယာရှင်တွေအားလုံးတက်ရောက်မည့် မင်္ဂလာပွဲကို ဆုရည်နှင်းတစ်ယောက်သာမသိရသေးသည်က သူမဒေါသကိုနှိုးဆလိုက်သလိုပင်။
"မင်းကဂျပန်မှာမို့ တကူးတကလာရမှာဆိုးလို့ မင်းကိုမပြောရသေးတာနေမှာ။သူတို့လည်း
စီစဥ်စရာတွေနဲ့ မအားလပ်တာများနေတာရောပါမှာပေ့ါလေ""ဘယ်နေ့လဲအန်ကယ်။သိုက်ရဲ့မင်္ဂလာဆောင်က ဘယ်နေ့လဲ၊ဘယ်သူနဲ့လက်ထပ်မှာလဲ။
အဲလောက်တော့ဆုကိုပြောပြလို့
ရတယ်မလားဟင်""မင်္ဂလာဆောင်ကမနက်ဖြန်။သတို့သမီးကတော့ မင်းသိပြီးသားဖြစ်မှာပါ...လင်းသိုက်ပေါက်စလေး"
"သြော် ဟုတ်ကဲ့။ကျေးဇူးပါအန်ကယ်။မင်္ဂလာဆောင်ကို ဆု မလာနိုင်ပေမဲ့ ... ပျော်ရွှင်ကျပါစေလို့ ဆုတောင်းပေးပါတယ်"
ဖုန်းကိုခပ်မြန်မြန်ချလိုက်ပြီးသည်နှင့် ဆုရည်နှင်းရဲ့ မျက်ဝန်းထဲမျက်ရည်စတို့ပြည့်လျှံလာလေသည်။ သူမကသာ သိုက်အတွက်စုံစမ်းပေးနေပေမဲ့ သိုက်ကတော့ သူမကိုလျစ်လျူရှူကာ အဲဒီကလေးမနဲ့ လက်ထပ်တော့မယ်ဆိုတာ တရားရဲ့လား။ဒါမှမဟုတ် Light စံအိမ်ရဲ့ထုံးတမ်းကိုသိသွားလို့ လက်ထပ်ကြတာပဲလား။မဖြစ်နိုင်ပါ ၊ အဲဒီထုံးတမ်းကို သူမသိခဲ့တာကလည်း Lightစံအိမ်ထဲကလူတစ်ယောက်ဆီကမို့.. သူမသာအသိမပေးရင် သိုက်တို့သိသွားဖို့က
မဖြစ်နိုင်။ခေါင်းထဲရောက်လာတဲ့အသိတစ်ချို့ကြောင့်
ဆုရည်နှင်းရဲ့နှုတ်ခမ်းတွေက ကော့ညွှတ်ကာပြုံးလာသည်။ ထို့ကြောင့် ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုဆီသို့..."ရှင်တို့လိုက်ရှာနေတဲ့ ရုဒါအိုဘယ်မှာရှိလဲ ကျွန်မသိတယ်"
တစ်ဖက်က လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အသံတွေနဲ့ ဆုရည်နှင်းရဲ့ အသိပေးမှုများစွာ...ဒီလောက်ဆို သိုက်ရဲ့မင်္ဂလာပွဲကဖြစ်လာနိုင်ဦးမလား။ ကိုယ်မှမပိုင်ရရင် သူများကိုလည်း
မပိုင်ဆိုင်စေချင်ဘူးသိုက်ရယ်။
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...