Part - 46

29.6K 1.1K 200
                                    

Unicode

သောက်ရေသွားယူပြီးပြန်လာသည်နှင့်
လင်းသိုက်အခန်းထဲဝင်ဖို့ပြင်နေသည့် ယွန်းမီနဲ့ တပ်အပ်တိုးလေသည်။လည်ဂုတ်အင်္ကျီစကနေ ကိုင်ကာ အပြင်ကိုဆောင့်တွန်းလိုက်သည်နှင့် ယွန်းမီက သူ့ကိုဒေါသတကြီးကြည့်လာ၏။

"ဟဲ့အကောင် နင်ဘာလုပ်ပြန်တာလဲ"

"အဲဒီစကားက မင်းကိုမေးရမှာ။ဒီကိုဘာလာလုပ်တာလဲ...ထွက်သွား မင်းရော၊မင်းမိသားစုထဲက ဘယ်သူ့ကိုမှ လာတွေ့ဖို့မပြောထားဘူး"

"နင်ရိုင်းလှချည်လားမင်းသန့်ပြုံးမောင်။
သိုက်က ငါနဲ့မကြာခင်စေ့စပ်တော့မယ့် ငါ့ရဲ့သတို့သားလောင်း သူအခုလိုဖြစ်နေတဲ့အချိန်မှာ အနီးကပ်စောင့်ရှောက်ပေးရမဲ့သူက ငါဟဲ့။
နင်ကဘာဆိုင်လို့ လာတားနေတာလဲ"

"လင်းသိုက်ကို အခုလိုဖြစ်အောင်လုပ်ခဲ့တဲ့သူက မင်းကိုယ်တိုင်ပဲမို့လေ"

"သက်သေမရှိဘဲမစွပ်စွဲနဲ့။သိုက်ကို ငါဝင်တွေ့မယ်။ အန်ကယ်Lသိုက်ကိုယ်တိုင် ငါ့ကိုခွင့်ပြုပြီးသား"

"သြော်  ဟုတ်လား"

"အေး အဲတာကြောင့်မို့ နင်ဖယ်လိုက်တော့"

"ဘာလုပ်ရမှာလဲ။အန်ကယ်Lသိုက် ခွင့်ပြုတိုင်း ဝင်တွေ့ခိုင်းမယ်လို့ မင်းကထင်နေတာလား။
သူ့ဟာသူခွင့်ပြု၊မပြု ငါခွင့်မပြုဘူး။ အဲတော့ပြန်လိုက်တော့"

နှုတ်ခမ်းကိုက်ကာစူးစူးရဲရဲစိုက်ကြည့်လာတဲ့
ဒီမိန်းမဟာ သူအရွံရှာဆုံးမိန်းမဖြစ်နေခဲ့ပြီ။ လူနာသတင်းလာမေးသည်နှင့်မတူဘဲ လိမ္မော်ရောင်ကိုယ်ကျပ်ဝတ်စုံ၊နီရဲအောင်ချယ်သ ထားတဲ့ နှုတ်ခမ်းနီတို့ကပဲ ဒီမိန်းမမျက်နှာကို
ပိုပြီး ခက်ထန်စေခဲ့သလား။

"ဟဲ့အကောင် နင်ကဘာကြည့်နေတာလဲ"

"ရွံလို့"

"ဘာ ! "

"ကားတိုက်မှုမှာဒဏ်ရာများတဲ့လူက
မီးငယ်ဖြစ်နေတော့ မင်းဒီလိုဝတ်စားပြီး
လာနိုင်တာပေါ့…ဟုတ်တယ်မလား"

"နင်တို့ကောင်မ ကံဆိုးလို့ဖြစ်တဲ့ကိစ္စမှာ ငါ့ကိုစွပ်စွဲနေစရာမလိုဘူး။ သူကံမကောင်းလို့ သေသွားရင်တောင် ငါနဲ့မဆိုင်ဘူး"

HUSBAND:DaddyWhere stories live. Discover now