Part - 32

28.8K 1K 234
                                    

Unicode

ခြံထဲထိမဝင်ရသေးခင်အချိန် ခြံရှေ့မှာရပ်ထားတဲ့ ကားကြောင့် ထင်လင်းသိုက်စိတ်တွေ ရှုပ်ထွေးလာရသည်။သူတို့တောင်
လေဆိပ်ကနေ အိမ်ရောက်မလာရသေးခင် ယွန်းမီရဲ့ကားက ကြိုရောက်နေရဲ့…

"ကိုကောင်း … ကားမှန်တွေချပေးပါ"

"ဟုတ်ကဲ့ဆရာ"

"ဟာ မချနဲ့နော်ဦးလေးကောင်း။ ဟို၃ကောင်ကို အော်ရဦးမှာလို့ နော် နော် အန်ကယ်"

"အိမ်ထဲရောက်မှအော်လေမီးငယ်"

"မရပါဘူး ကားပေါ်ကနေပဲအော်ချင်တာ"

အချေအတင်ဖြစ်နေတာမို့ ဒယ်ဒီ့ကုမ္ပဏီခွဲက အတွင်းရေးမှူးကိုကောင်းက သူ့ထံကြည့်လာ၏။

"အင်း ဒီတိုင်းပဲထားပေးလိုက်ပါ"

"အဲတာကြောင့်မို့ အန်ကယ့်ကိုချစ်တာ။
အန်ကယ်သန့်၊အန်ကယ်နဂါး ထကြတော့
အိမ်ရောက်ပြီလို့ … အိမ်ရောက်ပြီ"

အနောက်ကိုလှည့်ကာအော်လာတဲ့ မီးငယ်အသံက တော်တော်လေးကိုကျယ်တာမို့
တစ်ယောက်ပခုံးပေါ်တစ်ယောက်မှီပြီး အိပ်လာတဲ့နဂါးက ထိုတော့မှ လူးလဲကာထလာကာ…

"ရောက်ပြီလား မီးငယ်"

"ဟိုက်"

"ဟေ့ကောင် ထတော့ ရောက်ပြီတဲ့"

"ထတော့အန်ကယ်သန့် ! "

"ရေချယ်လင်းသိုက်တို့တော့ အသံကိုပြဲနေတာပဲဟေ့"

"အန်ကယ်သန့် !!!! ထတော့လို့ !!!! "

"ဟာ ! အော်လိုက်တာမီးငယ်ရာ ပုရစ်လားကျလို့ အသံကစူးနေတာပဲ"

"ပုရစ်ကဘာကိုပြောတာလဲ"

"သြော် ချစ်စရာကောင်းတဲ့ အိမ်မွေးအကောင်လေးပါ"

"ဟုတ်လို့လားနော်"

"တကယ်ပါဆိုကွာ မီးငယ်က အဲဒီအကောင်လေးနဲ့ သိပ်တူတာ"

"အန်ကယ်လိမ်တယ်။ပုရစ်ကို မသိရအောင်
ရေချယ်ကအရူးလားလို့…မျက်လုံးပြူးပြူးနဲ့ အကောင်ကြီးဟာကို။ပြီးတော့ ဘာမှ ချစ်စရာလည်းမကောင်းဘူး လူလိမ်"

"ဟား ဟား မီးငယ်ကတော့"

မျက်လုံးကိုလက်နှစ်ဖက်ဖြင့်ချဲ့ရင်းပြောလာတဲ့ မီးငယ်ကြောင့် မင်းသန့်နဲ့နဂါးက အော်ရယ်နေပေမဲ့ ထင်လင်းသိုက်က ပြုံးမိယုံသာဖြစ်သည်။မီးငယ်အပြုအမှုတွေကို မြတ်နိုးစွာကြည့်နေရင်း ချစ်မဝနိုင်ဖြစ်ရ၏။

HUSBAND:DaddyWhere stories live. Discover now