Part - 72

29.5K 1K 54
                                    

အပိုင်း (၇၂)

ညရဲ့နတ်သမီးလေးကအနက်ရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားကာ ဒင်နာပွဲမှာအလှကြီးလှနေ၏။ နဂိုကတည်းက မျက်နှာချိုသည့်ကလေးမို့
လာသည့် ဧည်သည်တွေနဲ့ ဖော်ရွေစွာပြောပြနိုင်ပြီး ပြုံးရယ်နေပုံလေးတွေက ထင်လင်းသိုက်အတွက်ငေးကြည့်လို့မဝနိုင်။

ခဏလောက်ကြာတော့ အဲ့ဒီကလေးက သူထိုင်နေတဲ့ ဘက်ကို ဂါဝန်လေးမကာ ပြေးလာသည်။

"ချော်လဲမယ်ကလေးရဲ့... မမောဘူးလား"

"ဟိုက် မောတယ်။ဒါပေမဲ့ ပျော်လို့"

"ဘာကိုပျော်တာလဲ"

"အန်ကယ်က ရေချယ်တစ်ဦးထဲနဲ့ဆိုင်တဲ့
ရေချယ့်တစ်ဦးဆိုင်ခင်ပွန်းဖြစ်လာပြီလေ။
My Husband is Uncle "

"အဟွန်း ! အရူးမလေး"

ချစ်စရာအပြောလေးတွေကို မချစ်ပဲမနေနိုင်ပါ။ ကိုယ်လုံးသေးသေးလေးကိုဖက်ထားလိုက်ပြီး နဖူးကိုနမ်းသည်။ထို့နောက် ညင်သာတဲ့အနမ်းတွေက နှုတ်ခမ်းအိအိလေးထံသို့...

"ခဏ ခဏ ... အခုမရသေးဘူးလေ ညောင်းလို့ ထိုင်ပါအုံးမယ်ရှင့် ဟီး"

"မီးငယ်ကကွာ"

ပြုံးစစမျက်နှာပေးလေးက သူ့ကိုတမင်ရှောင်လိုက်မှန်း သိပေမဲ့ မီးငယ်က သူမ ခြေထောက်ကိုဖွဖွကိုင်ကာ ဘေးမှာဝင်ထိုင်လာပြန်တော့လည်းမနေနိုင်ပါ။

"ညောင်းလို့လားကလေးလေး"

"ဟိုက်"

"မနက်ထဲက မင်းသမီးလေးလုပ်နေရတော့ ညောင်းပြီပေါ့ ။ လာပါ ဒီကို"

"ဟာ ! ငရဲကြီးမယ်လေ"

"ကိုယ်ကလုပ်ပေးချင်လို့ပါ ငရဲမကြီးပါဘူးကွ"

ခြေတံသွယ်သွယ်လေးတွေကို သူ့ပေါင်ပေါ်တင်ပြီး ဒေါက်ဖိနပ်မြင့်မြင့်လေးကို ချွတ်လိုက်တော့
သူမခြေထောက်လေးတွေက ရဲနေ၏။

"ပင်ပန်းသွားပြီ ကိုယ့်ကလေးလေး"

"ဒါပေမဲ့ပျော်တယ်ကိုကိုရဲ့"

"ဟင် ! "

"အဟိ ကိုကို လို့ ထူးဆန်းသွားတာလားဟင်"

"ကိုယ် ... ကိုယ်ကြိုက်တယ်"

"ကိုကိုkingက အန်ကယ့်ကိုအသက်ကြီးတယ်ပဲ
ပြောနေတာ ။ အဲ့တာကြောင့် ... ဟုတ်မနေဘူးလို့  တကယ့်ဘဝအစက ၄၀ကျော်မှစတာဆိုတော့ ကိုကိုကရယ်တယ်လေ.. ရေချယ့်ကိုပြောသေးတယ် သိလား ။ မင်းအန်ကယ်ကတဲ့ ဖိုးဖိုးခေါ်ရမဲ့အရွယ်၊ ကိုကိုခေါ်ရမဲ့အရွယ်မဟုတ်ဘူးတဲ့။သူများအန်ကယ်က ဒီလောက်နုတာကို"

HUSBAND:DaddyWhere stories live. Discover now