Unicode
"မမလေးအခုလိုရောက်လာမယ်လို့ မထင်ထားဘူး။ ဘယ်ကဘယ်လိုဖြစ်ပြီးတော့…"
"ခအီ ဆုံးပြီလို့ကြားကြားချင်းလာခဲ့တာ။ အဲဒီမေးခွန်းက ငါကပြန်မေးရမှာပါ ခအို။
မင်းကိစ္စတွေအများကြီး ငါ့ကိုဖုံးကွယ်ထားခဲ့တာပဲ""ဟို… ကျွန်တော်က"
"မင်းလိမ်မနေနဲ့ "
စူးခနဲဖြစ်သွားတဲ့အော်သံနဲ့အတူ ခအို ဘက်လှည့်လာတဲ့အမျိုးသမီးရဲ့လှပတဲ့မျက်နှာက ဒေါသကြောင့်ခက်ထန်နေသည်။
လက်တစ်ဖက်ကခါးကိုထောက်ကာ အနက်ရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်၍ အရိုင်းဆန်စွာလှပနေတဲ့အမျိုးသမီးပင်တည်း။
"ခအို...ကျွန်မသာမသိခဲ့ရင် ရှင်ဘယ်အချိန်ထိ အဲဒီကလေးအသက်ရှိနေတာကို ဖုံးကွယ်ထားဦးမှာလဲ"
"ကျွန်တော်တောင်းပန်ပါတယ်။ မမလေးကိုလည်း ဘယ်မှာရှာရမလဲမသိလို့ပါ"
Lightစံအိမ်ရဲ့ သခင်ကြီးကိုယ်တိုင် အမွေဖြတ်ခဲ့သည့်မမလေး ယူအာကို က နှစ်ပေါင်းများစွာကြာ ပျောက်ဆုံးနေခဲ့ကာ… သခင်ကြီး၊သခင်မလေး၊မမလေးယူကီကိုတို့ သေဆုံးသွားချိန်မှာတောင်ရောက်မလာခဲ့တဲ့သူပင်။ မွေးစားသမီးမို့ အမွေတွေနှင့်မသက်ဆိုင်တဲ့အတွက် ယူအာကို ကိုသူတို့မေ့လျော့နေခဲ့သလို အမွေဆက်ခံသူသွေးသားရင်းဖြစ်တဲ့ မြေးဖြစ်သူ သခင်မလေးရုဒါအို(ယခု ရေချယ်လင်းသိုက်) ကိုသာ ရှာဖွေနေခဲ့ခြင်းဖြစ်သည်။
"ခအို...ငါ့ကို Lightစံအိမ်နဲ့မသက်ဆိုင်တော့ဘူးလို့ မင်းသတ်မှတ်လို့ရတယ်။ဒါပေမဲ့ အခု မမရဲ့ သွေးသားအသက်ရှင်နေသေးတာကို အသိမပေးတာလွန်တယ်မထင်ဘူးလား"
"မမလေးကို ဘယ်မှာလိုက်ရှာရမှန်းမသိဘူးလို့ ကျုပ်ပြောခဲ့တယ်လေ"
"မင်း ! အခု "
"တောင်းပန်ပါတယ်။အပြစ်တင်တဲ့စကား မဟုတ်ပါဘူး"
"မင်းအခု ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ။ တူမလေးကိုတွေ့ပြီလား"
"မတွေ့သေးပါဘူး"
"ငါရော… ငါလည်းကူညီချင်တယ် ခအို။ Lightစံအိမ်ရဲ့ မျိုးဆက်ကို ငါလည်းရှာပေးချင်တယ်"
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...