Part - 44

24.2K 900 37
                                    

Unicode

Operationခန်းရှေ့ မျက်ရည်မဆယ်နိုင်
ဖြစ်နေတဲ့ ဂုဏ်နဂါးကိုလည်း မငိုပါနဲ့လို့မတားရက်ပြန်။ မင်းသန့်ကိုယ်တိုင်ကလည်း စိတ်ပူလွန်းလို့ လက်ဖျားခြေဖျားတွေအေးကာ ထိုင်လို့ပင်မရဘဲ လမ်းလျှောက်ကာဂနာမငြိမ်ဖြစ်နေ၏။

ကားတိုက်မှုဖြစ်ပြီး ၁၅မိနစ်ကျော်ကြာမှ သူတို့ ရောက်လာတာမို့ သူတို့ရောက်တဲ့အချိန် ဆေးရုံကိုသာလိုက်လာရသည်။

ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်မိတဲ့မီးငယ်က သူတို့ဆေးရုံကိုရောက်လာကတည်းက
အရေးပေါ်ခန်းထဲရောက်နေပြီး လင်းသိုက်ကတော့ ကိုယ်မှာစိုက်နေတဲ့ဖန်ကွဲစတွေထုတ်ရင်း သွေးထွက်လွန်ကာ သတိလစ်နေဆဲအခြေအနေမှာ...

"ဒါလုပ်ကြံမှုပဲ ။ ကားကိုပိတ်ရပ်ချလိုက်တာ ဘေးကလူတွေမြင်တယ်"

ဘေးနားလာကာမှတ်တမ်းယူနေတဲ့ ရဲကို ဖေကိုင်ပြီးသာဆဲပစ်ချင်သည်။ဘယ်နှယ့် အထဲကလူနာက ဘယ်လိုနေမှန်းမသိ အရိပ်အကဲနားမလည်ဘဲ မှုခင်းကိုလာမေးနေရတယ်လို့။

"တရားခံရဲ့ ကားကိုမှတ်မိရင်တော့…"

"မင်းမေစောက်ခွေးပဲ ငါ-ိုးမသားရဲ့။ စောက်ရေးမပါတာတွေဖြေနေရအောင် မင်းပထွေးက အခုအခြေအနေကို ပျော်နေတယ်ထင်လို့လား"

"ကျုပ်ကလည်းတာဝန်နဲ့ဝတ္တရားအရမို့ မေးရတာပါ"

"လီးတာဝန် ၊ လီးဝတ္တရား ။အဲဒီစကား မင်းပထွေးသွားပြော"

"ခင်ဗျား ! အခုလိုပြောနေတာတွေက ဥပဒေနဲ့ငြိစွန်းနိုင်တယ်ဆိုတာသိလား "

"တောက် ! စောက်ဇယားကိုရှုပ်တယ်။
စောက်ရေးမပါတဲ့ ဥပဒေကို ငါဆိုတဲ့ကောင်က ဂရုစိုက်မယ်ထင်လို့လား။သေရေးရှင်ရေးကျမှ ရောက်လာပြီး မှတ်တမ်းယူ…အခုမှများ တာဝန်တွေဇွတ်ကျေပြနေကြတဲ့ဟာမျိုးစားတွေ"

ဘယ်ကဘယ်လိုအနံ့ခံပြီးရောက်လာလဲ မသိတဲ့ သူတောင်းစားနှစ်ကောင်ကို ဆဲဆိုလိုက်တော့မှ အံတကြိတ်ကြိတ်နဲ့ ထွက်သွားလေ၏။

စိတ်ပူသည်နှင့် စိတ်တိုသည်တို့ရောထွေးနေတာမို့ သူ့ဒေါသကိုယ်သူအစိုးမရတော့ပါ။ဒီကြားထဲ ငိုနေတဲ့နဂါးရဲ့အသံကိုပါ ဒေါသထွက်လာကာ နံရံကိုသာထုရိုက်မိတော့၏။

HUSBAND:DaddyDonde viven las historias. Descúbrelo ahora