Part - 49

29.6K 1.1K 120
                                    

Unicode

"ဟယ်လို"

"-ီးလားဗျာ။ ဒီအချိန် လူအိပ်ချိန်။ ဒါတောင်နားမလည်ဘူးလား... လူမှုရေးမသိလိုက်တာ"

"ကိုယ် ထင်လင်းသိုက်ပါ"

"အဲတော့ ထိုင်ကန်တော့ရမှာလား။
ကိုးကွယ်ထားရမှာလား"

တစ်ဖက်ကစကားကြောင့် ထင်လင်းသိုက် နှုတ်ခမ်းတစ်ဖက်မဲ့ကာပြုံးလိုက်မိသည်။
ဒီကောင်လေး စကားပြောတာ တကယ်မယဥ်ကျေးဘူး။

"Daniel King "

"ပြောပါဗျာ စိတ်ဆင်းရဲတယ်ခင်ဗျားနဲ့လည်း"

"မင်းပြန်အိပ်ပျော်နေပြီလားလို့ပါ"

"အိပ်ယာဝင်နောက်ကျလို့အိပ်ချင်တယ်။
သောက်ရစ်မရှည်ဘဲ လိုရင်းပြော"

"အိပ်ယာဝင်နောက်ကျတာ မင်းအပြစ်ပဲလေ"

"မိန်းမမရသေးတဲ့လူတွေက အိပ်ယာဝင်နောက်ကျတာကို ဘယ်နားလည်ပါ့မလဲ။အထူးသဖြင့် ဦးထင်လင်းသိုက်လို ၃၇နှစ်အရွယ် လူပျိုကြီးတွေက ဒါကိုမသိဘူး။ သေချာလည်းစစ်ဆေးကြည့်ပါဦး ခင်ဗျားအဖေရဲ့ အမွေပစ္စည်းက အလုပ်လုပ်သေးရဲ့လားလို့"

"မင်းကိုယ်တိုင်လာစမ်းသပ်လို့ရပါတယ်"

"ဘာ ! ဒီဘဲ စောစောစီးစီးလာရစ်နေတာလား။ ရစ်စရာမိန်းမမရှိဘူးလား ဟမ် ... မရှိရင်
ကိုယ့်အမွေးကိုယ်ထိုင်ရစ်နေ"

"မင်းတကယ့်ကို ဘုကလန့်ပဲ"

"တော်စမ်းပါ ... လိုရင်းပဲပြော။ ဒါလူအိပ်ချိန်"

"ကိုယ်တို့ဆီမှာတော့ လူနိုးချိန်ပဲ"

"အဲတာခင်ဗျားတို့မြန်မာနိုင်ငံလေ
ကျုပ်တို့ပြင်သစ်မှာက ဒီအချိန်လူ-ိုးချိန်ပဲရှိသေးတာ"

"ဒါပေမဲ့ မင်းကတော့အိပ်နေတယ်မလား"

"ဘောကိုအိပ် ။ လီးကိုအိပ်"

ဆဲသံတွေမွှန်ထူသွားပုံထောက် တော်တော်လေးမှ ဒေါသထွက်နေမှာပဲ။ပြင်သစ်ကပြန်လာကတည်းက Daniel Kingဟာ ဘယ်လိုလူလဲ ထင်လင်းသိုက်စုံစမ်းခဲ့သည်။မြောက်ဘက်နယ်မြေရဲ့ ခေါင်းဆောင် ၊ Kingdomရဲ့အရှင်သခင် ဖြစ်နေတဲ့အပြင် ဘိန်းဘုရင်
တစ်ယောက်ဖြစ်နေယုံသာမကဘဲ အင်ဂျင်နီယာပါ ဖြစ်နေတဲ့ ဒီကောင်လေးက အရင်တစ်ခါကလည်း မီးငယ်ဝတ်စုံအတွက် ကူညီပေးဖူးသေးသည်။

HUSBAND:DaddyWhere stories live. Discover now