After marriage - Extra 6

17.4K 630 70
                                    

Unicode

"မဖြစ်ဘူးနော်"

"လီယိုဇေးက စိတ်သဘောထား၊အကျင့်စာရိတ္တ၊စီးပွားရေး ဘာတစ်ခုမှအပြစ်ပြောစရာမရှိဘူး king ... အရမ်းအေးဆေးပြီးငြိမ်တယ်"

"ဟုတ်တယ် ဒါမို့မဖြစ်ဘူးပြောတာပေါ့ဗျ။ လော့ယန်နဲ့သာဆို တစ်စစီပြုတ်ထွက်သွားလိမ့်မယ်"

"သူက အဲလိုလုပ်မှာမဟုတ်ပါဘူး"

"လော့ယန်ကလုပ်မှာ"

တစ်ဖက်ကDaniel Kingရဲ့စကားကြောင့် ထင်လင်းသိုက်၏မျက်ခုံးအစုံက ပင့်တတ်လာသည်။သက်ပြင်းချသံသဲ့သဲ့ကိုကြားလိုက်ရပြီ kingကပဲဆက်ကာ...

"လော့ယန်ကစိတ်မြန်လက်မြန်၊လီယိုဇေးက ရေခဲတုံးဖင်ခုထိုင်ထားသလို အေးစက်စက်နဲ့မတုန်မလှုပ်။မဖြစ်ပါဘူးဗျာ"

"မင်းပဲ လော့ယန်အတွက်အိမ်ထောင်ဖက်ကောင်းတစ်ယောက်ရှာပေးချင်တယ်ဆို။ ကိုဇေးထက်ကောင်းတဲ့အိမ်ထောင်ဖက် မရှိတော့ဘူးလို့ ကိုယ်ထင်တယ်"

"ဟင့်အင်း ကြောက်တယ်။အတင်းပေးစားရင် လော့ယန်က ကျွန်တော့်ခေါင်းထဲကျည်ဆန်တွေဖြည့်ပေးလိမ့်မယ်...မလုပ်ရပါစေနဲ့နော် အသက်တော့ရှည်ချင်သေးတယ်"

"မင်းကြောက်တတ်လိုက်တာ kingရာ"

"ဟုတ် ဟုတ် သားက​ငကြောက်ကလေးမို့ အစ်ကိုသာသတ္တိရှိရှိနဲ့ သေနတ်စာအမိခံလိုက်ပါနော်"

"ခေါင်းဆောင်ဆို"

"ဟုတ်တယ်လေ"

"ခေါင်းဆောင်က ဂိုဏ်းသားကိုပြန်ကြောက်နေရင် မဟုတ်သေးပါဘူးကွ"

"ဟုတ်ပါတယ် "

တစ်ဖက်ကလုံးဝအနုတ်ပြနေတာမို့ ထင်လင်းသိုက်စိတ်လေသွားရသည်။တင်းမာနေတဲ့ နဖူးကြောတွေကို လက်ဖြင့်အသာဖြေလျော့ရင်း စိတ်မသက်မသာရှိလိုက်တာ။

"ဘဲကြီးကဘာလို့ လောနေတာလဲ။အဆက်အစပ်မရှိ ရုတ်တရက်ကြီးထပြီး လော့ယန်နဲ့လီယိုဇေးကို ပေးစားချင်နေတာ... အကြောင်းအရင်းတော့ရှိရမယ်မလား။ အမှန်အတိုင်းပြောရရင် လော့ယန်ကမိန်းကလေးတွေကိုပဲသဘောကျတာ"

"အင်း တစ်ခုခုပေါ့"

"ဘာလဲ ပြော"

"လော့ယန်လည်းအသက်ကြီးနေပြီ အိမ်ထောင်ကျသင့်တယ်လို့ ကိုယ်တွေးမိလို့ပါ။ ပြီးတော့ကိုဇေး အသက်၂၀ကျော်၊၃၀နားကပ်နေတဲ့အရွယ်ဆိုတာ အိမ်ထောင်ကျသင့်တဲ့အရွယ်ပဲလေ"

HUSBAND:DaddyWhere stories live. Discover now