Part - 62

30.1K 1.2K 70
                                    

Unicode

"ရပါတယ်ကွာ...ဒါတွေကပြောစရာမှမလိုတာ"

"မဟုတ်ဘူး။မင်းကိုအားနာလို့။ဧည်သည်တွေက ချက်ချင်းသွားချင်တော့...ကြိုပြီးအကြောင်း
မကြားလိုက်ရသလိုဖြစ်သွားတာ"

"အားနာစရာလည်းမဟုတ် ကိုယ်တို့ဟိုတယ်က ဧည့်သည်တွေ ပြင်ဦးလွင်ဆင်းချင်ရင် မင်းဆီလွှတ်ရတာပဲ။အခုလည်း အခန်းလွတ်တွေရှိပါတယ်"

"ဒါဆိုလည်း မင်းပဲအကူအညီတောင်းရတော့မယ်"

"သွားကြိုရမဲ့လိပ်စာတော့ ပို့ထားဦးနော်"

"အေးပါ... ကျေးဇူးကွာ"

"နေဗျူဟာမင်းဆိုတဲ့ကောင်က နရင်းရိုက်ခံချင်ပြီထင်တယ်"

"ဟား ... "

"ဒါပဲ မင်းနဲ့ပြောရတာ အကုသိုလ်များတယ်"

တိခနဲချလိုက်တဲ့ဖုန်းမှာ နေဗျူဟာမင်းရဲ့
ရယ်သံက ကပ်ပါလာသေးသည်။လုပ်ငန်းတူပါတနာမို့ သူနဲ့နေဗျူဟာမင်းက ရင်းနှီးတဲ့အသိမိတ်ဆွေတွေပင်။

"အဟက် ! ဘယ်သူနဲ့များပြောနေလို့ အဲလောက်ထိ ပြုံးရွှင်နေတာလဲ"

ထိုစဉ် ဂုဏ်နဂါးထိုင်နေတဲ့ဒန်းပေါ် ဝင်ထိုင်လာတဲ့ မင်းသန့်ဆီက ခပ်ရွဲ့ရွဲ့စကားက နားထဲကြားရဆိုးစွာဝင်လာ၏။

"ဟင် ဘယ်သူနဲ့ပြောနေတာလဲ"

"နေဗျူဟာမင်း"

"ယောကျာ်းလေးပဲ"

"မိန်းမရှိတယ်"

"သြော်"

"နေဗျူဟာမင်းကိုမင်းသိပြီးသားပဲ မင်းသန့်"

"သိတယ်လေ။အဲတာဘာဖြစ်သလဲ..."

သူမေးရမည့်မေးခွန်းကို အရင်မေးသွားတဲ့မင်းသန့်က အိမ်ကြီးဆီကိုသာငေးကြည့်နေသည်။

"မင်းကိစ္စရှိသေးလား။မရှိရင် ငါနားတော့မလို့"

"မနားရဘူး"

"မင်းဆီကဆုံးဖြတ်ချက်တောင်းနေတာမဟုတ်ဘူး။နားတော့မယ်ဆိုတာကို အသိပေးနေတာ"

"မောင်ကလည်း မနားရဘူးလို့ပြောနေတာ"

"ငါတစ်နေကုန်မနားရသေးဘူးမင်းသန့်။
မင်းစကားပြောချင်ရင် မနက်ဖြန်မနက်မှပဲပြောတော့။ အခုတော့ အိပ်တော့မယ်"

HUSBAND:DaddyDonde viven las historias. Descúbrelo ahora