Unicode
မိုးလင်းလင်းချင်းအညောင်းပြေအညာပြေ
ဝရန်တာကို ထွက်လာသည့်မင်းသန့်အတွက် ကျက်သရေမရှိတဲ့ မြင်ကွင်းကစောင့်ကြိုနေ၏။"အိုက်ယားးး"
လက်နှစ်ဖက်ဆန့်တန်းကာအညောင်းဆန့်လိုက်ရင်း ခြံထဲကိုကြည့်လိုက်မိသည်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်....
"ဂုဏ်နဂါး ... ဂုဏ်နဂါး ဟေ့ကောင်"
ဝရန်တာလက်ရန်းကိုပိတ်ထုရင်းအော်လိုက်ပေမဲ့ နဂါးက အေဇင်ဆိုတဲ့ကလေးမနဲ့သာစကားပြောနေ၏။ အေဇင်ကရော မနက်စောစောစီးစီးသူများအိမ်ကို ဘာလာလုပ်တာလဲ။အခုမှ ၉နာရီပဲရှိသေးတာကို။
"ဂုဏ်နဂါး .. မောင်ခေါ်နေတာကြားလား။နဂါးလို့"
စိတ်ဆိုးနေတာကိုမေ့ပြီး အသံကုန်အော်လိုက်တော့ သူတို့ဘေးမှာရပ်နေတဲ့မီးငယ်က မော့ကြည့်လာသည်။ပြီးမှ ဂုဏ်နဂါးရဲ့လက်မောင်းကိုတွဲကာ အနားနားကပ်ပြီး တစ်ခုခုပြောလိုက်မှ နဂါးကသူ့ထံမော့ကြည့်လာ၏။
"မင်းနိုးပြီလား"
"အေး မင်းတ်ို့အဲဒီမှာဘာလုပ်နေတာလဲ အထဲဝင်လေ"
"နေပါစေ။ ငါနဲ့အေဇင် အပြင်ခဏသွားမလို့"
"ဟမ် ! ဘယ်ကိုလဲ။ဘယ်သွားမှာလဲ။ နှစ်ယောက်ထဲလား"
"ကိုမင်းသန့် အေဇင်ကမီးငယ်ဆီလာရင်း အပြန်ကျရင် အေဇင့်ကိုကို့ကိုခဏလောက်အပြင်ခေါ်သွားမလို့"
ထိုစကားကြောင့် မင်းသန့်မျက်နှာမဲ့လိုက်မိသည်။ ကိုကိုတဲ့ ဝေါ့ ဝေါ့ ... အခုမှခွေးတိုးပေါက်က တတ်လာတဲ့ကလေးမကများ ပိုင်စိုးပိုင်နင်းနဲ့ အေဇင့်ကိုကိုတဲ့။
"မင်းသန့်ပြုံးမောင်တဲ့ ငါနဲ့တွေ့မယ်"
မကျေနပ်စွာကြိမ်းဝါးရင်း ညဝတ်အင်္ကျီရဲ့ လက်ကိုပါပင့်တင့်ကာအောက်ထပ်ကိုအပြေးတစ်ပိုင်းဆင်းလာခဲ့၏။အခုချိန်မှာ စိတ်ဆိုးနေတာတွေလည်း မင်းသန့်သတိမရနိုင်တော့ပါ။သူသိတာက အေဇင့်ကိုကိုဆိုတဲ့ အသုံးအနှုန်းကိုသာ။
"သြော် ... မောင့်နဂါးကို အေဇင်ကအပြင်ခေါ်သွားချင်လို့လား။နဂါးကရောလိုက်ချင်လား မောင့်ကိုဖြေဦးလေ"
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...