Unicode
"ကိုယ်တောင်းပန်ပါတယ်ကွာ။အခုလောက်ကြီး
ဖြစ်ဖို့အထိ မရည်ရွယ်ပါဘူး...မီးငယ်အဆင်ပြေရဲ့လား ဟင် အဆင်ပြေရဲ့လားကလေး""ပြေပါတယ်..နေပါဦး အန်ကယ်ကဘာဖြစ်လို့ ငိုနေရတာလဲ။မသိရင် သူခံရတာကျလို့"
"စိတ်မကောင်းလို့ပါ"
ခန္ဓာကိုယ်အောက်ပိုင်းကနာကျင်မှုကို လျစ်လျူရှူရင်း စိတ်ညစ်ညစ်နဲ့ပဲ အန်ကယ့်ကိုသာထိုင်ကြည့်နေမိသည်။မနက်မိုးလင်းလင်းချင်း အာ့ဆိုတဲ့အသံလေးထွက်မိပါတယ် အန်ကယ့်မှာ...သူ့ကြောင့်၊သူမှားတာဆိုပြီး ငိုလို့မပြီးနိုင်ဖြစ်နေသည်။
"မီးငယ် ဒီနေ့အချိန်ဇယားလည်းရှိသေးတယ်မလား"
"ဟိုက်"
"ကလေးရာ ဒီလိုမှန်းသိရင်ကိုယ်...။မဟုတ်သေးဘူး ဒီပုံစံနဲ့တော့ အပြင်ထွက်လို့မဖြစ်ဘူးနော်ကလေး။ဒီနေ့အချိန်ဇယားကိုဖျက်လိုက်ပါလား"
"ဟိုက် ဖျက်ရမှာပဲလေ။လမ်းလျှောက်ဖို့တောင် တော်တော်ကြိုးစားယူရမှာ"
ညည်းညူစွာပြောလာတော့လည်း သနားရပြန်သည်။ မီးငယ်ရဲ့လည်တိုင်မှာ သူကိုက်ထားတဲ့ ကိုက်ရာတွေက အညိုအမဲစွဲနေယုံသာမက ၊နှုတ်ခမ်းရဲရဲလေးကလည်းဖူးယောင်နေသည်။
"ဟင် ! နှုတ်ခမ်းကို ဘာဖြစ်လို့ အဲလောက်ကြီးစိုက်ကြည့်နေရတာလဲ"
"လှလို့"
"သိသားပဲ"
"ဒီနှုတ်ခမ်းလေးဆီကနေ ညည်းသံထပ်ကြားချင်လိုက်တာ"
"ဘာပြောတယ် ! "
"အခုတော့မဟုတ်ပါဘူး ညမှ"
"အန်ကယ် ! "
"ဗျာ ... ချစ်လို့ပါမီးငယ်ကလည်း"
"ခုနကစိတ်မကောင်းလို့ဆိုပြီး ငိုနေတာဘယ်သူလဲ"
"ကိုယ်လေ ။ ဒါပေမဲ့ မီးငယ်ရဲ့..."
စကားစကိုဖြတ်လိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းကြည်ကြည်လေးတွေ။ထိုမျက်ဝန်းကို ဖိကပ်နမ်းရှိုက်ပြီး သူ့လက်မောင်းပေါ်အိပ်နေတဲ့
ကိုယ်လုံးသေးသေးလေးကို ပိုပြီးတိုးဖက်လိုက်၏။
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...