Unicode
"အန်ကယ်ရေ ! အဟေးးးး "
ရယ်မြူးကာခေါ်လာတဲ့အသံကြောင့်
လှည့်ကြည့်လိုက်တဲ့ ထင်လင်းသိုက်အဖို့
မြင်လိုက်ရတဲ့မြင်ကွင်းက မျက်လုံးပြူးသွားရစေသည်။"မီးငယ် ဘယ်လိုဖြစ်ပြီးတော့... "
ဆံပင်တွေက ဆံထုံးသေးသေးလေးတွေအဖြစ် ခေါင်းမှာထိုးထိုးထောင်ထောင်ရှိနေတဲ့ မီးငယ်ကိုဂုတ်ကနေဆွဲမခဲ့ပြီး ခပ်မှန်မှန်လှမ်းလာတဲ့ထိုလူ။ မီးငယ်လက်ထဲ လာဗင်ဒါပန်းတွေတစ်ပွေ့တစ်ပိုက်ပါလာကာ လည်ပင်းမှာ ရှုံအိတ်ခပ်သေးသေးကို ကြိုးရှည်ရှည်နဲ့ဆွဲထားသည်။
"ဒီမှာ ဒါလေးကခင်ဗျားဟာလေးလား။ရော့ ယူ"
အဝတ်စလေးတစ်စလို စွေ့ခနဲပစ်လိုက်တာမို့
ထူပူကာမီးငယ်ကိုခပ်မြန်မြန်ပွေ့ချီလိုက်ရ၏။"မင်းဘယ်လိုလုပ်လိုက်တာလဲ"
"အဲတာခင်ဗျားကိုမေးရမှာ။ ဒါလေးက
ဘာလဲ ခင်ဗျားမိန်းမလား၊သမီးလား။အုပ်ထိန်းသူဆိုလည်း ကိုယ့်ဟာကိုယ်ကြည့်ထိန်းထား။သူများနေရာအထိ ကျူးကျူးကျော်ကျော်ရောက်လာပြီး သူများလင်မယားကို
ခိုးချောင်းတာ ကောင်းတဲ့အမူအကျင့် မဟုတ်ဘူး""မီးငယ် သူပြောတာဟုတ်လား"
"ရေချယ်က ခိုးချောင်းတာမဟုတ်ပါဘူး"
"မင်းကြားလား။ကလေး..."
"ကြုံလို့နားထောင်လိုက်တာ"
" အေး ပြီးတော့ ခင်ဗျားဟာလေးက ကျုပ်ဆံပင်ကိုထိဖို့လုပ်သေးတယ်။ ကြည့်ထိန်းထားနော်... ခန္ဓာကိုယ်ပဲ မြန်မာပြည်ပြန်ပြီး အသက်ကဒီမှာထားခဲ့ရမယ်"
တစ်ဖက်လူရဲ့ခြိမ်းခြောက်စကားကြောင့်
သူ့မျက်ခုံးတွေတွန့်ချိုးသွားသည့်တိုင် သူ့ပေါ်က မီးငယ်ကတော့ပြုံးစိစိဖြစ်နေသည်။
နေပါဦး ခုနကမီးငယ်ဆံပင်တွေက အခုလိုမဟုတ်ပါဘူး။အခုက ဘယ်လိုကြည့်ကြည့် အရူးလေးနဲ့တူနေရှာပြီ။"အန်ကယ် အန်ကယ်…သိလား။ အဲဒီကိုကိုကညာတယ် သေနတ်အတုကြီးကိုင်ပြီး
ရေချယ့်ကိုပစ်မလို့တဲ့။ပြီးတော့ ပြောသေးတယ်။ သူကတဲ့ ဂိုဏ်းခေါင်းဆောင်တဲ့ ။
အန်ကယ်စဉ်းစားကြည့် ဒီလိုရုပ်ကလေးနဲ့ ဘယ်လိုဖြစ်နိုင်မှာလဲနော်"
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...