Unicode
"ကိုယ့်ကို တစ်ခုတော့ကတိပေးရမယ်မီးငယ်"
"ဘာကိုလဲဟင်"
"မီးငယ် instagramအကောင့်ကိုဖျက်လိုက်"
Mနဲ့ချီတဲ့Followerတွေရှိတဲ့အပြင် ရေချယ့်ရဲ့ အေးချမ်းရာရပ်ဝန်းကိုမှ ဖျက်ဆီးခိုင်းနေတဲ့
အန်ကယ့်ကို နားမလည်နိုင်စွာကြည့်မိ၏။"ပြီးတော့ ဘယ်သူ့ပွဲမှာမှ ရှိုးလျှောက်စရာမလိုဘူး။ စီစဉ်သူနဲ့ခင်လို့၊ဘယ်သူကြောင့်ဆိုတာတွေလည်း ကိုယ်လက်မခံဘူးမီးငယ်"
"အန်ကယ် ဘာတွေပြောနေတာလဲ။ ဟိုမိန်းမနဲ့ အဆက်အသွယ်မလုပ်ရဘူးလို့ပြောလို့ ရေချယ့်ကိုပြဿနာရှာနေတာလား"
"အဲဒီအလုပ်တွေကို ကိုယ်သဘောမကျလို့ မကျဘူးပြောနေတာ။ ဆက်မလုပ်ရဘူးမီးငယ်။
အကောင့်ကိုလည်း အခုချက်ချင်းဖျက်""ဟာ ! ဘယ်လိုကြီး"
"မင်းပုံတွေကြည့်ပြီးရူးနေတဲ့ကောင်တွေရှိတယ်။ ကိုယ်လက်မခံနိုင်ဘူး"
"အန်ကယ်ဘာဖြစ်နေတာလဲ။social media သုံးတာကို ကန့်ကွက်ရအောင်
ရေချယ်က ကလေးမဟုတ်တော့ဘူး""အေး အဲဒီကလေးမဟုတ်လို့ ပြောနေရတာပေါ့။မင်းကိုမျက်စိကျနေတဲ့ယောက်ျားတွေကြား
ရယ်နေ၊ပြုံးနေတဲ့ပုံတွေက ဘယ်လောက်ထိ
အန္တရာယ်များတယ်ထင်လဲ""မဟုတ်သေးဘူးအန်ကယ်။ ရေချယ်က
မဟုတ်တာတွေတင်နေတဲ့လူ မဟုတ်ဘူးနော် "ခုနကမှ ငြိမ်းချမ်းရေးပြန်ရတဲ့ သူတို့ကြားက အခြေအနေက ချက်ချင်းပြန်ပြီးခက်ထန်သွားရပြီ။ မီးငယ်မျက်နှာလေး စိတ်ရှုပ်နေပုံပေါ်နေပေမဲ့ သူလက်လျော့လို့မဖြစ်ပါ…သူသာ လက်လျော့လိုက်ရင် မီ့မောင်ဆိုတဲ့ကောင်က
မီးငယ်ကိုဆက်ရူးနေတော့မှာ။ သို့ဖြစ်၍ မီးငယ်ပခုံးကနေဖက်ကာ ရင်ခွင်ထဲဆွဲသွင်း၏။"မဆိုးရဘူးမီးငယ်ရယ်… ဖျက်လိုက်ပါကွာ။
မီးငယ်လှတာ ကိုယ်တို့သိရင်ရပြီမဟုတ်လား""မဖျက်ဘူး ။ နောက်လည်း ပုံလှလှလေးတွေ အမြဲတမ်းတင်နေဦးမှာ"
"လုပ်ကြည့်လေမီးငယ်။မီးငယ်မျက်နှာကို
မဖျက်ဆီးလိုက်ဘူးလို့ ကိုယ်လည်းအာမ မခံဘူး။ အဲဒီထက်ဆိုးတာတွေမလုပ်ပါဘူးလို့လဲ မပြောနိုင်ဘူးနော်မီးငယ်"
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...