After Marriage - Extra 2

20.5K 703 61
                                    

Unicode

"အန်ကယ် ဒီဂါဝန်လေးက မီးလေးနဲ့ဆိုလိုက်မယ်နော်။ချစ်စရာလေး ကြည့်ပါဦး"

"အင်း"

"မီးလေးအတွက် ဒါယူမယ်။သားသားအတွက်က ထပ်ရှာရမယ်ထင်တယ်။နော်...အန်ကယ်"

"အင်း"

"တ အင်း အင်း နဲ့ အန်ကယ်နော်..."

မကျေနပ်စွာရေရွတ်ရင်း ဘေးကပါလာတဲ့အန်ကယ့်ကိုစောင့်ငဲ့ကြည့်လိုက်၏။ ရေချယ့်ဆီမှာအာရုံမရှိဘဲတစ်နေရာရာကိုသာ အကြည့်ရောက်နေတဲ့အန်ကယ့်ကြောင့် ထိုနေရာကိုလိုက်ကြည့်မိသည်။

လျှာထိုးဦးထုပ်စောင်းထားတဲ့ကောင်မလေး၂ယောက် မြင်ကွင်းထဲရောက်လာတာမို့ ရေချယ့်နှုတ်ခမ်းလေးတွေမသိမသာဆူသွားရပါ၏။ကောင်မလေးတွေကလည်း ရေချယ်တို့ဘက်ကိုမသိမသာကြည့်နေကာ တစ်ခုခုကိုခပ်တိုးတိုးပြောနေသည့်ပုံပါ။

"သူတို့ကိုမကြည့်နဲ့ ရေချယ့်ကိုကြည့်။
ကြည့်လို့ ရေချယ့်ကိုပဲကြည့်..."

အန်ကယ့်မျက်နှာကိုဆွဲလှည့်လိုက်သည်။

"ဒီလောက်လှပေးနေတာကိုမကြည့်ဘဲ တခြားကောင်မလေးတွေကိုကြည့်နေတယ်။ မကြိုက်ဘူး ဘယ်သူ့ကိုမှမကြည့်ပါနဲ့ဆို"

"မီးငယ်"

"မခေါ်နဲ့... တခြားကောင်မလေးတွေကိုငမ်းနေပြီး ရေချယ့်ကိုဂရုမစိုက်တဲ့သူ"

စိတ်ဆိုးပြနေတာတောင် အန်ကယ်က ထိုကောင်မလေးတွေဘက်ကိုအကြည့်ပို့လိုက်သေးတာမို့ ရေချယ့်မျက်နှာလေးကမဲမှောင်လာသည်။ အလိုမကျစွာဖြင့် လက်ပိုက်လိုက်ပြီး အန်ကယ့်မျက်လုံးတွေကို ခပ်စူးစူးလေးစိုက်ကြည့်သည်။

"ကောင်းပြီလေ... ရေချယ်လင်းသိုက်အကြောင်းသိအောင်ပြပေးမယ်"

"ဟေး မီးငယ်..."

"ဖယ် မထိနဲ့"

လက်မောင်းကိုဆွဲတဲ့အန်ကယ့်လက်တွေကို
ခါချကာ ​သွက်လက်တဲ့ခြေလှမ်းတို့က ထိုအမျိုးသမီး၂ယောက်ဆီတည့်မတ်စွာဦးတည်၏။ သူတို့ရှေ့ရောက်တာတဲ့ တပ်ထားတဲ့maskကိုဆွဲချွတ်ကာ...

"တို့ကိုသိလား"

"ဟို ... ဟိုဟာ"

လက်ညိုးတထိုးထိုးနဲ့ဖြစ်နေတဲ့၂ယောက်ကြောင့် ရေချယ်ကလက်ပိုက်ကာ ခေါင်းမော့၍မေးဆတ်လိုက်သေး၏။ မျက်နှာပေးလေးက ခပ်တင်းတင်းဖြင့် ဘာမှကိုဂရုမစိုက်သည့်ဟန်။

HUSBAND:DaddyWhere stories live. Discover now