Unicode
ဆေးရုံကုတင်ပေါ်အကျအနထိုင်ကာ အရုပ်ဆက်နေတဲ့မီးငယ်နဲ့နဂါးကြောင့် လေထုက အေးစက်နေသည်။သူနဲ့ထင်လင်းသိုက်ကို စကားတစ်ခွန်းမပြောသလို ၊ဘယ်လိုခေါ်ခေါ်
လှည့်ကြည့်လာခြင်းလည်းမရှိဘဲ မီးငယ်ကလျစ်လျူရှူထားရင်းဖြင့်သာ အချိန်အကြာကြီးရှိနေ၏။"မီးငယ်လေး ... အန်ကယ့်သမီးလေး။ဒီမှာကွာ
အန်ကယ်က မီးငယ်အတွက် အရုပ်လေးတွေ
ဝယ်လာတာမရချင်ဘူးလား"ဝယ်လာတဲ့Hello kittyရုပ်လေးကိုထုတ်ပြပြီး
ချော့ပေမဲ့ မီးငယ်ကကြည့်မလာပါ။အကူအညီရလိုရငြား နဂါးကိုမျက်နှာငယ်လေးနဲ့ကြည့်လိုက်ပေမဲ့ သူကလည်း ကိုယ့်ကိုမျက်နှာချက်ချင်းလွဲသည်။"နဂါး မင်းကပါမောင့်ကိုစိတ်ဆိုးနေတာလား"
"ဆိုးစရာဘာအကြောင်းရှိလဲ"
"အဲတာဆို မီးငယ်ကိုချော့ကူဦးလေ"
"အပြစ်လုပ်တာ မင်းလား...ငါလား"
"မောင်က မင်းရဲ့မောင်လေကွာ။မတူဘူးလား"
"ကလေးရှေ့အဆဲမခံချင်ရင် စကားပြောဆင်ခြင်။မင်းစောက်ပစ်ကို ငါ့ဘက်လွှဲချမလာနဲ့"
"ဟား ..."
ဂုဏ်နဂါးရောပါစိတ်ကောက်နေတယ်ဆိုတာ
မင်းသန့်နားလည်လိုက်ပြီ။နေပါဦး မီးငယ်စိတ်ကောက်ရတဲ့အကြောင်းကိုသိပေမဲ့ နဂါးက
ဘာအတွက်စိတ်ကောက်ရတာလဲ။ထိုအကြောင်းအရင်းကို သူစဥ်းစားမရပေ။"ကလေးလေးရော၊ကလေးကြီးရောက
စိတ်ကောက်နေတာပါလား""ဘောကိုကလေးကြီး။ကလေးကြီးခေါ်ရင် မင်းရည်းစားတွေကိုသွားခေါ် ...ငါ့ကို ရှုပ်ရှုပ်ယှက်ယှက် လာမလုပ်နဲ့"
"မောင်ကဘယ်ရည်းစားကိုသွားခေါ်ရမှာလဲ။
အဟမ်း ... မင်းလည်းသိပါတယ် မောင့်မှာ
ရည်းစားကများတယ်မဟုတ်လား။
မောင်ကဆော်ကြည်တယ်လေဗျာ"အင်္ကျီကော်လံကိုပင့်ကာ စပ်ဖြီးဖြီးနဲ့ပြောနေတဲ့
အန်ကယ့်သန့်ကြောင့် စိတ်ဆိုးနေတဲ့ကြားက
ရေချယ်ရယ်ချင်လာပြီ။အဲဒီရည်းစားကိစ္စကြောင့် စိတ်ဆိုးနေတဲ့လူကို ရည်းစားများကြောင်း
သေချာလေးကိုမှကြွားနေတာ။ဆော်ကြည်ပေမဲ့
အန်ကယ်နဂါးကတော့ မကြည်တော့ဘူးလေ။
CZYTASZ
HUSBAND:Daddy
Romans"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...