Unicode
လက်တလောမှာတိတ်ဆိတ်သွားတဲ့ ဧည့်ခန်းကျယ်ထဲ ထင်လင်းသိုက်ကလွဲပြီး ကျန်တဲ့၃ယောက်မှာ မျက်နှာအပျက်ပျက်ဖြင့်
ခေါင်းငုံ့နေကြရ၏။နားထောင်ပြီးပြီဖြစ်တဲ့ အသံဖိုင်နှစ်ခုကြောင့် ယွန်းမီ မိဘနှစ်ပါးစလုံး သူတို့သမီးကိုကာကွယ်မပေးနိုင်သလို ဒယ်ဒီကိုယ်တိုင်ဖုန်းဆက်ပြောသည့် လက်ထပ်ပွဲဖျက်ဖို့ကိစ္စကိုလည်း အထွန့်မတတ်ရဲပါ။
ပြောဆိုပြီးချိန်၁၀မိနစ်လောက်ကတိတ်ဆိတ်နေကြပြီးသကာလ ထင်လင်းသိုက်က အသံဖမ်းစက်ကိုပြန်သိမ်းလိုက်သည်။
"ကိုယ့်ဘက်ကဖြစ်ချင်တဲ့သဘောထားကို နားထောင်ဖို့ အဆင်သင့်ဖြစ်ပြီလား"
ထိုအခါမှ ၃ယောက်လုံးကမော့ကြည့်လာပေမဲ့ ယွန်းမီထံမှသာ...
"သိုက် ဘယ်လိုဖြစ်ချင်လို့လဲဟင်။ပြောပါ မီက အပြစ်ရှိတဲ့လူပဲ"
"မင်းရဲ့လုပ်ရပ်အတွက် မင်္ဂလာကိစ္စကိုမရှိခဲ့ဘူးလို့ သတ်မှတ်လိုက်ပြီ။မင်းကိုယ်တိုင်လည်း တရားဥပဒေကပေးတဲ့အပြစ်ကို ခံယူရမှာပဲလေယွန်းမီ။သိပ်မကြာခင်အချိန်မှာ တရားရုံးကနေဆင့်ခေါ်စာရောက်လာပါလိမ့်မယ်"
"မီ့ကို စိတ်တိုင်းကျအပြစ်ပေးပါသိုက်ရယ်။ ဒါပေမဲ့ ဒယ်ဒီတို့ကိုတော့ ပစ်မထားပါနဲ့"
"ကိုယ်မကူညီနိုင်ဘူး"
"မလုပ်ပါနဲ့သိုက်ရယ်။ဒီအကြွေးတွေကိုမဆပ်ရင် လိမ်လည်မှုနဲ့ဒယ်ဒီထောင်ကျလိမ့်မယ်...သိုက်ကူညီပေးပါ။မီ့အပြစ်တွေအတွက် မီ့ကိုပဲအပြစ်ပေးပါ"
"မင်းအပြစ်ကသီးသန့်၊မင်းဒယ်ဒီအပြစ်က တစ်ခုထပ်ရှိတယ်ဆိုတာ အခုထိသေချာမသိသေးဘူးလားယွန်းမီ။ ငွေတွေဆုံးရှုံးသွားတာ မင်းဒယ်ဒီရဲ့လောဘကြောင့်ပဲ မဟုတ်လား"
ထင်လင်းသိုက်ပြောတာလည်း မှန်နေတာမို့ ယွန်းမီ ဆက်ပြောမနေဘဲ ဒူးထောက်ထိုင်ချလိုက်၏။
"သမီး ဘာလုပ်တာလဲ"
"ဒီလို... ဒီလိုမျိုးတောင်းပန်ပါတယ်သိုက်။ မီတို့ကို ကယ်ပါဦး"
YOU ARE READING
HUSBAND:Daddy
Romance"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်အပျက်၊အကြောင်းအရာတို့သည် စာရေးသူ၏စိတ်ကူးယဉ် ရေးသားမှုသာဖြစ်၏။ Start Date - 12.1.2023 (8:00PM) End Da...