Part - 9

31.5K 1K 39
                                    

Unicode

ရေကူးကန်ဘောင်ရဲ့ မျက်နှာစာမှာ အစီအရီချထားသည့် စားပွဲနှင့်ထိုင်ခုံများ။LGUမှာ
သုံးသည့်စားပွဲပေါ်ကအလှပန်းအိုးတွေမှာ နေရာယူထားကျသည်များကအဝါရောင်နှင်းဆီပန်းများသာ။

အတန်းအားလပ်ချိန်ဖြစ်တာမို့ ဆူညံနေတဲ့စားသောက်ဆိုင်ကို ကျောခိုင်းကာ ရေချယ်ထိုင်နေတာက ရေကူးကန်ဘေးက ကြိမ်ကုလားထိုင်ပေါ်မှာ...

အနက်ရောင်ဂါဝန်အကျပ်လေးကိုဝတ်ဆင်၍ ဆံပင်တွေကို အပြောင်စုထုံးထားတဲ့
မေဂျာ၏queen။ ခြေထောက်တစ်ဖက်ချိတ်ကာထိုင်နေတာမို့ သွယ်လျနေတဲ့ ခြေသလုံးသွယ်သွယ်တို့က ဝတ်ဆင်ထားတဲ့ အနက်ရောင်ဂါဝန်အကျပ်အောက် ထင်ရှားစွာလှပနေသည်။

တီ ...

ဝင်လာတဲ့မက်ဆေ့စ်ကြောင့် ရေချယ့်နှုတ်ခမ်းလှလှလေးတွေက ကွေးညွှတ်သွား၏။

သူမပြုံးလိုက်တာက တစ်စုံတစ်ယောက်အတွက် ဖြစ်သော်လည်း ထိုအပြုံးက ... အနားမှာရှိတဲ့ ပုရိသတို့ကို ညို့ယူလိုက်သကဲ့သို့ ဝါးခနဲအော်သံတို့က တစ်ဖက်စားပွဲဝိုင်းမှာ ဆူညံသွားလေသည်။

"နင်မပြုံးစမ်းနဲ့ရေချယ်။အထူးသဖြင့် လူမြင်ကွင်းမှာ လာမပြုံးနဲ့"

သူငယ်ချင်းဖြစ်တဲ့ 'နေရောင်'စကားကြောင့်
ရေချယ့်နှုတ်ခမ်းပါးတွေက ပိုပြီးပြုံးလာ၏။

"ဟေ့ တော်ယုံပဲကောင်းတယ်နော် မရေချယ်။ ဟိုဘက်က သကောင့်သားတွေက သရည်တများများနဲ့ငမ်းနေတာမြင်လား"

"အင်း"

"မြင်ရင် အနေအထိုင်ဆင်ခြင်"

"မဆင်ခြင်နိုင်ပါဘူးနော်"

သူမစကားကြောင့် စိတ်ဆိုးကာမျက်နှာတည်သွားတဲ့သူငယ်ချင်းပါပေ။

ဒီနိုင်ငံကိုရောက်တော့ ဘေးအိမ်ကအမြွှာ၃ယောက်နဲ့သာ သူငယ်ချင်းဖြစ်လာသည်မှာ အဆန်းတော့မဟုတ်။ရေချယ်ကိုယ်တိုင်ကကို သူတစ်ပါးကို စကားစပြောရမှာပျင်းတဲ့လူစားမျိုး။သူများကိစ္စ စိတ်မဝင်စားသလို၊ကိုယ့်အကြောင်းစပ်စုတာလည်း မကြိုက်တာမို့... ရေချယ့်စိတ်ဆန္ဒကို နားလည်နိုင်ဆုံး သူငယ်ချင်း၃ယောက်နဲ့သာ အပေါင်းအသင်းလုပ်ဖြစ်ခဲ့သည်။

HUSBAND:DaddyWhere stories live. Discover now