After Marriage - Extra 1

27.6K 803 83
                                    

Unicode

လန်ဒန်မြို့ရဲ့ရာသီဥတုက ခပ်အေးအေးဖြင့် သာယာသည်။ထို့အပြင် လူများစွာသွားလာလှုပ်ရှားနေတဲ့ Lordမြို့တော်ကားလမ်းမကြီးနဲ့ခပ်ဝေးဝေး...ဆိတ်ငြိမ်ရပ်ကွက်မှာရှိနေတဲ့ 2ထပ်အိမ်ကြီးကလည်း ဆူညံသံတို့ဖြင့်သာယာနေ၏။

အိမ်ကြီးရဲ့ဧည့်ခန်းမှာသတင်းစာထိုင်ဖတ်နေတဲ့ မင်းသန့်ပြုံးမောင်ရယ် သူ့အရှေ့မှာတော့ ပြေးလွှားဆော့ကစားနေတဲ့ ကလေးမလေးတစ်ယောက်ရှိနေသည်။

"ဟေး ရေဇယ်လင်းသိုက်က လူမဟုတ်ဘူးဟေ့။မျောက်...မျောက်"

"မင်းသန့်ပြုံးမောင်...မင်းမထိန်းချင်တိုင်းကလေးကို တွေ့ရာသတ္တဝါနဲ့နှိုင်းမနေစမ်းနဲ့"

"အချစ်ကလည်းကွာ ဒီလောက်ဆော့တဲ့ကလေးက မျောက်နဲ့မတူဘူးလား။ကြည့်ဦး။ ဘယ်သူနဲ့တူလို့ ပြေးလွှားသောင်းကျန်းတတ်နေလဲဆို ... "

ဝုန်း... ဒုန်း ...

သူ့စကားပင်မဆုံးသေးပါ။အပေါ်ထပ်ကနေ ကြားလိုက်ရတဲ့အသံကျယ်ကြီးကြောင့် မင်းသန့်နဲ့ဂုဏ်နဂါးတို့နှစ်ယောက် အိမ်အပေါ်ထပ်ကိုခပ်မြန်မြန်ပြေးတတ်ရသည်။

ကြမ်းပြင်ပေါ်ကျကွဲနေတဲ့အလှပန်းအိုးတွေနဲ့အတူ စပ်ဖြီးဖြီးမျက်နှာလေးနဲ့ရေဇယ့်ကြောင့် တရားခံကအဝေးကြီးရှာစရာမလိုပေ။

"ကုန်ပါပြီ ရေဇယ်လင်းသိုက်ရာ။ ရေချယ်လင်းသိုက်ခေတ်က လက်ကျန်ပစ္စည်းတွေကို အမွေဆက်ခံပြီးဖျက်ဆီးပြနေတာလားဟ"

"ဟီးဟီး ...ကယ်ကယ်သန့်"

"ကျကွဲလို့ အကုန်ကုန်ပြီထင်တယ်။ မီးလေးကကွာ အရမ်းမပြေးပါနဲ့လို့ပြောတာကို နားမှမထောင်ဘဲ။အခုတော့ ဘာရစရာရှိသေးလဲ"

"ကလေးကိုမဆူပါနဲ့။ကလေးပဲ ဆော့တာ၊သွက်တာ ပိုတောင်ကောင်းသေးတယ်"

"မင်းရဲ့မြေးက အသွက်လွန်နေတာကို။
ရေဇယ် ...မီးလေးအသက်မှ၆နှစ်ရှိသေးတယ်...စိတ်တိုရင်ပစ္စည်းတွေပေါက်ခွဲတယ်၊ကစားရင်း တိုက်မိလို့ကျကွဲတယ်။"

ရေဇယ်လေးကိုပွေ့ချီရင်း မင်းသန့်ကစိုးရိမ်စိတ်နဲ့တရစပ်ဆူပူသည်။

HUSBAND:DaddyWhere stories live. Discover now