Part - 86

39.6K 1.3K 73
                                    

Unicode

နေရောင်ဖြဖြသာရှိတဲ့နေ့လည်ခင်းမှာ လေထုအေးအေးလေးကလည်း ​ဖြည်းညင်းစွာတိုက်ရိုက်နေတာမို့ ဟိုဘက်ခြံကပန်းရနံ့မျိုးစုံပါ လေထုထဲကပ်ပါလာသည်။

ဝရန်တာကဆိုဖာပေါ်ထိုင်ရင်းစာဖတ်နေရင်းက ထိုခြံဘက်ကိုကြည့်မိတော့ ပန်းပင်တွေကိုရေဖျန်းပေးနေတဲ့ အမျိုးသားတစ်ဦး။ထိုအမျိုးသားကလည်း သူ့ကိုမော့ကြည့်လာကာ လက်ယှမ်းဝှေ့ပြနေတာမို့ အသိအမှတ်ပြုသည့်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်၏။

ကိုဇေးတောင်မှ သူတို့နဲ့လန်ဒန်ကိုလိုက်လာပြီး ဘေးခြံမှာငှားနေတာ ၃လရှိပြီပဲ။ထို့အတူ မီးငယ်လေးမှာ ကိုယ်ဝန်ရှိတာကလည်း၃လရှိပြီ။

"ကိုကို"

ရင်းနှီးနေကျအသံလေးကိုကြားလိုက်ရပေမဲ့ သူ့ကိုခေါ်တယ် မထင်တာမို့ ထင်လင်းသိုက်ငြိမ်နေလိုက်၏။

"ကိုကိုလို့ ... ရေချယ်ခေါ်နေတယ်လေ ကိုကို .. ကိုကို .. ကိုကိုထင်လင်းသိုက်လို့"

"ဟမ် မီးငယ်က ကိုယ့်ကိုခေါ်တာလား"

"ဟုတ်တယ်လေ ကိုကိုလို့"

သူထိုင်နေတဲ့အနောက်ကနေ ပခုံးကိုသိုင်းဖက်လာတဲ့ မီးငယ်ကြောင့် မီးငယ်ဆီကပန်းသီးစိမ်းရေမွှေးရနံ့လေးက သူ့နှာခေါင်းထဲတိုးဝင်လာရသည်။

"အဟား မီးငယ်က ကိုကိုလို့ခေါ်ချင်တာလား။ ဟုတ်လား ကိုယ်က ကိုကိုပေါ့လေ"

"ဟီး အဲလိုခေါ်တာသဘောကျတယ်လား"

"သဘောကျတာပေါ့ လာပါဦး..အရှေ့ကိုလာထိုင်လေမီးငယ်ရဲ့"

"ဟိုက်"

လက်ကလေးကိုဆွဲပြီးခေါ်လိုက်မှ မီးငယ်က သူ့ပေါင်ပေါ်လာထိုင်၏။မသိမသာစူနေပြီဖြစ်တဲ့ ဗိုက်ကလေးကို ရှေ့ကိုပစ်ထားတဲ့ပုံစံလေးကို သူသဘောကျလို့မဆုံး... လိမ္မော်ရောင်ဆံနွယ်လေးတွေကို အပြောင်သိမ်းထားတာမို့ ရှင်းသန့်နေတဲ့ လည်တိုင်ကျော့ကျော့လေးတွေကအစ မက်မောချင်စရာ။

ဂါဝန်ဖြူဖြူလေးကိုဝတ်ထားတဲ့ မီးငယ်လေး ၊
သူမလေးက ကိုယ်ဝန်ရှိစကတည်းက တစ်နေ့တစ်မျိုး ဂျီကျတတ်တာမို့ အခုလည်းတစ်ခုခုကိုပြောချင်လို့ လူကိုလာချွဲနေတယ်ဆိုတာ ထင်လင်းသိုက်ကလည်း နားလည်သည်။

HUSBAND:DaddyWhere stories live. Discover now