Ch-2

3K 202 7
                                    

CH-2 ငါကလူသတ်မှုရဲ့သားကောင်ဖြစ်လာတယ်

  "ဘန်း ဘန်း ဘန်း"

မိမိသည်အခန်းထဲဖောက်ဝင်တော့မတတ်တံခါးကိုထုရိုက်လိုက်သည်။မိမိမှာကောင်းကောင်းမွန်မွန်တံခါးခေါက်ရန်စိတ်ရှိမနေပေ။လုံလောက်ပြီဆိုတာ လုံလောက်ပြီပဲ။အထဲရှိနေတဲ့ဦးလေးကသည်းခံကောင်းသည်းခံနိုင်ပေမယ့်ဒီကအန်တီကတော့ သည်းမခံနိုင်ဘူးဟေ့။

"တံခါးဖွင့်ဦး။မြန်မြန်ရှင့်ရဲ့တံခါးကိုဖွင့်လိုက်စမ်းပါ"

အချိန်အတော်ကြာသည်အထိခေါက်နေသည့်တိုင်တုံ့ပြန်မှုရှိမလာ၍မိမိ၏အားကိုတိုးလိုက်သည်။

"ဟေး!ကျွန်မကအောက်ထပ်ကပါ။ရှင်ကရှင့်တိုက်ခန်းထဲရေကူးကန်တစ်ခုများလုပ်နေတာလား။ကျွန်မရဲ့မျက်နှာကျက်ကရှင့်ကြောင့်စိုရွှဲပျက်စီးကုန်ပြီ။မြန်မြန်လာပြီးတံခါးဖွင့်စမ်းပါ။ကျွန်မတို့စကားပြောသင့်ပြီနော်"

မည်သည့်လှုပ်ရှားမှုမှထွက်မလာသေးချေ။အဲ့ဒါကမှန်မနေဘူးနော်။အထဲမှာတစ်ခုခုဖြစ်နေမည်ကိုမိမိသိချင်သွားသည်။ဒါကြောင့်တံခါးနားတိတ်တိတ်လေးမျက်နှာကပ်လိုက်သည်။

  ဤအချိန်တွင်တံခါးကရုတ်တရက်ပွင့်လာတော့သည်။ကိုယ့်ကိုကိုယ်ထိန်းရန်လန့်သွားသောကြောင့်ဖမ်းမိသွားတော့သည်။အခန်းထဲငါ့ခေါင်းကျလုနီးနီးပါပဲလား။တံခါးလာဖွင့်ပေးသည့်လူမှာမုတ်ဆိတ်အပြည့်ဖြင့်ဦးလေးတစ်ယောက်ဖြစ်သည်။သူသည်မရဏအော်ရာထုတ်လွှတ်နေကာမိမိအားစူးစူးရဲရဲကြည့်နေသည်။မိမိ၏ကျောရိုးများတုန်ယင်နေသည်ဆိုသည်မှာလျှော့ပြောလိုက်မိတာပဲဖြစ်လိမ့်မည်။

သူသည်မိမိမှနှစ်ခြိုက်စွာကြည့်ရှုခဲ့သောစိတ္တဇအစီအစဉ်တစ်ခုအားသတိရစေခဲ့သည်။ထိုသည်မှာစိတ္တဇရာဇဝတ်မှုအစီအစဉ်အမျိုးအစားဖြစ်ပြီးဇာတ်ကောင်သည်လူသတ်ရသည်အားရူးသွပ်သည့်စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သည်။
 
မိမိပါးစပ်မဖွင့်ရသေးခင်တွင်သူသည်မိမိအားကြက်ပေါက်လေးတစ်ကောင်လိုမ ကာအခန်းတွင်းသို့ပေါ့ပေါ့ပါးပါးလွှင့်ပစ်လိုက်သည်။
 
"ဟေး!ဟေး!ရှင်ဘာလုပ်တာလဲ"

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Wo Geschichten leben. Entdecke jetzt