ဒီလကစပြီးတစ်လမှာတစ်ခါပဲတင်ပါတော့မယ်ရှင်။တစ်လငါးပိုင်းတင်ပေးမယ်နော်။
Ch-43 စိတ်ရောကိုယ်ပါပင်ပန်းတယ်
"မစ်ရှုခင်ဗျ နောက်ကျလွန်းသွားပါပြီ။ခွဲစိတ်မှုကလွန်ခဲ့တဲ့နှစ်လအတွင်းမှာပဲ လုပ်ခဲ့သင့်တာပါ။အခုချိန်ထိအချိန်ဆွဲနေခဲ့တာကြောင့် ရှောင်ရှင်းရဲ့ကင်ဆာဆဲလ်တွေကသူရဲ့ကိုယ်တွင်းအင်္ဂါတွေထိပျံ့သွားပါပြီ။ဒီအခြေအနေမှာတော့ ကျွန်တော်တို့လည်းတစ်ကယ်ကိုမတတ်စွမ်းနိုင်တော့ပါဘူးခင်ဗျာ"
ရှောင်ရှင်းကို တွန်းသွားကြလေသည်။ထိုအချိန်အတွင်းသူနာပြုတစ်ဦးမှာ ရှုဝေ့ရှန်အတုအား ဘေးမှမတော်တဆတိုက်မိသွားရာ သူမသည်ရော်ရွက်ကြွေလေးကဲ့သို့လဲကျသွားသည်။မိမိသည်သူမထံပြေးပြီးထိန်းလိုက်ရသည်။
"နင်အဆင်ပြေရဲ့လား"
မိမိမှာသူမအဆင်မပြေသည်ကိုသိနေပါသော်ငြား မေးမိလိုက်ဆဲပင်။
မိမိပြောသည်ကိုသူမကြားမကြားမသေချာပါပေ။လက်ရှိ၌ ရှုဝေ့ရှန်အတုမှာစက်ရုပ်တစ်ရုပ်လို ပြုမူနေသည်။သူမသည်ကြမ်းပြင်ကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။ထိုသည်မှာသူမမျက်လုံးများဖြင့် ကြမ်းပြင်အားတွင်းတစ်ခုဖောက်ချင်နေသကဲ့သို့ဖြစ်နေသည်။
အချိန်အတော်ကြာပြီးနောက် သူမသည်မိမိအားခပ်ကြမ်းကြမ်းတွန်းပစ်လိုက်ကာ နံရံကိုသာအားပြုလိုက်သည်။ပြီးနောက်သူမသည် မိမိမြင်ကွင်းတွင်းမှနေ သူမ၏အနက်ရောင်ဒေါက်မြင့်ဖိနပ်နှင့်အတူယိုင်တိုင်တိုင်ထွက်သွားလေသည်။
နောက်ဘက်မှနေ သူမမှာအထီးကျန်နေပုံရသည်။ခဏချင်းအတွင်းမှာပင် သူမသည်အလွန်အားနည်းသွားပုံရသည်။အရမ်းဆိုးဝါးတဲ့လူတစ်ယောက်မှာ နူးညံ့တဲ့ဘက်ခြမ်းလည်းရှိနေနိုင်တာလား။
လက်ရှိအခြေအနေေအာက်တွင် မိမိမှာသူမအားအမှန်ပင်သနားမိသွားသည်။သူမကလူသတ်သမားတစ်ယောက်ဖြစ်နေတာတောင်မှ ဒီအချိန်မှာတော့ သူမကရှောင်ရှင်းရဲ့ပေ့ကျဲဖြစ်နေတယ်လေ။
ရှုဝေ့ရှန်အတုမှသူမကိုယ်သူထိခိုက်မိေစမည်အားတားဆီးရန်အလို့ငှာ မိမိသည်သူမနောက်မှနေတိတ်တိတ်လေးလိုက်သွားရန်ဆုံးဖြတ်လိုက်သည်။သေချာတာပေါ့။သူမသည်တည့်တည့်မျက်နှာမူလိုက်ပြီး ယာဉ်ကြောအလယ်သို့စလျှောက်သွားတော့သည်။သူမသည်ဘေးနှစ်ဖက်မှဖြတ်သွားနေသောကားများအားလုံးကို ဂရုမစိုက်ခဲ့ပေ။
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...