Ch-118 အန်နာ
စုယန်တွင်အဓိကအချက်တစ်ခုရှိနေသည်။သူ၏အဆိုအပြီးတွင် မိမိမှာတစ်ကိုယ်လုံးကြက်သီးထလာပြီး မေချပနိုင်တော့ပေ။
"ငါငြင်းတယ်။နင်တို့နှစ်ယောက်တစ်ခန်းထဲအတူနေကြမှာကို ငါငြင်းတယ်"
ရှန်ရှောက်နျူကခြေဆောင့်လိုက်သည်။သို့သော်သူမထပ်မပြောနိုင်သေးခင်တွင် ရှန်ရှောက်ချင်ကသူမအားကော်လံမှဆုပ်ကိုင်ကာ တစ်ယောက်ခန်းများဆီ ဆွဲခေါ်သွားတော့သည်။
သူ၏သွားရာလမ်းပေါ်မှာပင် သူကဒေါသတကြီးရေရွတ်နေသည်။
"မင်းရဲ့စုယန်ကောကောနဲ့ ယိရှင်းကျဲကျဲတို့ကစုံတွဲတွေလေ။သူတို့တစ်ခန်းတည်းအတူနေကြတာကို မင်းတားနိုင်တယ်လို့ဘာကမင်းကိုထင်သွားစေတာလဲ။လေယာဉ်ပေါ်ကနေခုထိ သူတို့ကတစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းကလူကျီစယ်နေကြပြီးပြီ။သူတို့က သူတို့အချစ်ကိုပြလို့ကိုမပြီးနိုင်ဘူး.....ငါကလာကိုမလာခဲ့သင့်တာ။ဒီခရီးကငါ့ကိုကုစားဖို့ကူညီလိမ့်မယ့်လို့ဘယ်သူကပြောလဲ။စင်ဂယ်ခွေးတစ်ကောင်အနေနဲ့ အခုငါကပိုပြီးတောင်စိတ်ဓာတ်ကျနေပြီ"
မိမိတို့မှာရှန်ရှောက်ချင်၏ခါးသီးမှုကိုကြားနေရသည်။
"ဂျပန်စတိုင်အခန်းကအဲ့လမ်းပဲ"
ဟွားဇီက ရှန်ရှောက်ချင်၏ဆန့်ကျင်ဘက်ထံညွှန်ပြလိုက်သည်။
"ကောင်းကောင်းအနားယူနိုင်မယ့်နေ့လေးပိုင်ဆိုင်ပါစေနော်။ကျွန်မအခုသွားတော့မယ်။မနက်မနက်၉နာရီအတိမှပြန်တွေ့ကြပါမယ်။ကျွန်မတို့တွေဒီမှာပဲစုမယ်နော်"
"သူက....ဒီမှာရှိတုန်းလား"
စုယန်ကဟွားဇီထွက်သွားသည်နှင့် မိမိအားတိတ်တိတ်လေးမေးလာသည်။
မိမိမှာချောင်းကြည့်ရန်ခေါင်းအားပင့်လိုက်သည်။ဂျပန်ဦးလေးကြီးမှာ စုယန်ဘေးတွင်ရပ်နေသည်။သူသည်မလှုပ်ဘဲနေ နေကာ မိမိအားဆက်ကြည့်နေခဲ့သည်။
"အင်း....သူကဒီမှာရှိတုန်းပဲ..."
"အဲ့တာကအကူအညီမဖြစ်နိုင်ဘူးလို့ငါထင်တယ်။ဒါဆိုသွားကြစို့။ငါလမ်းပြပေးမယ်"
YOU ARE READING
ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအားေတွရှိနေတယ်(Complete ✅)
HorrorAuthor - 喵了个汪 (Miao Le Ge Wang) Translated by;gchan7127 Novel name; Supernatural girlfriend လင်းယိရှင်းသည်ယာဉ်မတော်တဆမှုဖြစ်ပြီးကတည်းမှသရဲတစ္ဆေများအားမြင်နိုင်စွမ်းရှိလာသည်။သို့သော်ငြား ဖုံးကွယ်ထားသောလူသတ်သမားတစ်ဦးလက်ထဲသေလုနီးပါးမဖြစ်ခင်ချိန်အထိထ...