Ch-146

186 17 0
                                    

Ch-146  စုယန်၏ခွဲခြမ်းစိတ်ဖြာမှု

  "မင်းတံခါးကိုမဖွင့်ရင် မင်းရဲ့ညအိပ်ဝတ်စုံကို ကိုယ်ပေးမှာမဟုတ်ဘူးနော်။မင်းကရေချိုးခန်းထဲမှာအိပ်ချင်လို့လား ဟားဟားဟား"

  စုယန်မှာဟားတိုက်ရယ်တော့သည်။

  "ရှင်"

  မိမိမှာဒေါသထွက်သွားသည်။

  "ကောင်းပြီလေ။ကျွန်မနည်းနည်းတံခါးဟလိုက်မယ်။ဒါပေမယ့်ရှင်သာဝင်လာရဲရင် သေပြီသာမှတ်"

  "သိပါပြီ။သိပါပြီ"

  သူ့အသံမှာအလွန်အမင်းစိတ်မရှည်ဖြစ်နေပုံပင်။သူတစ်ကယ်နားထောင်မှာမဟုတ်ဘူးဆိုတာကို ငါပြောနိုင်တယ်။

  မိမိသည်သက်ပြင်းချကာ တံခါးအားဖွင့်လိုက်သည်။ကျောအားနံရံပေါ်မှီ၍ မိမိ၏ဘယ်လက်အားထုတ်ကာပြောလိုက်သည်။

  "အခုကမ်းပေးလိုက်တော့"

  မိမိမှာလေထုအားခံစားနေရပေမယ့် ညအိပ်ဝတ်စုံကိုတော့လုံးဝမခံစားရပေ။ထို့ကြောင့် မိမိသည်စိတ်ရှည်မှုပျောက်ရှကာခေါင်းထုတ်လိုက်သည်။စုယန်ကခြေတစ်ဖက်ဖြင့်တံခါးအားဖွင့်ကာချန်ထားသည်ကို သတိပြုမိလိုက်သည်။တစ်စက္ကန့်ကြာပြီး‌ေသာ် သူသည်သူ့ဘာသာသူအထဲအတင်းဝင်ချလာသည်။

  "အား!!"

  မိမိမှာအော်လိုက်သည်။သူတစ်ကယ်ဝင်ချလာလိမ့်မည်ဟု မိမိထင်မထားပေ။

  ရှင်းရှင်းလင်းလင်းပင် စုယန်မှာပြင်ဆင်မထားပဲဝင်ချလာသည်။သူသည်စကားတစ်ခွန်းမပြောဘဲမိမိကိုယ်ကိုသာငေးကြည့်နေသည်။

  "အားး!!"

  မိမိသည်ကြုံရာတဘတ်တစ်ထည်ဆွဲကာ စုယန်၏ခေါင်းပေါ်ပစ်တင်လိုက်သည်။နေရာမှာအလွန်ချော်နေသောကြောင့် မိမိမှာစုယန်ပေါ်လဲကျသွားခဲ့သည်။မိမိမှာအော်နေဆဲပင်။

  "မဖြစ်ဘူး။မဖြစ်ဘူး"

  "မင်း..."

  စုယန်မှာဖောက်ထွက်ဖို့လုပ်နေပေမယ့် မိမိမှာသူ့မျက်လုံးများအားဖွင့်ခွင့်မပေးခဲ့ပေ။ထို့နောက် မိမိသည်သူ့ကိုယ်ပေါ်တက်နင်းကာ မိမိ၏ညအိပ်ဝတ်စုံနှင့်အိပ်ခန်းထဲပြေးချသွားသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now