Ch-133

175 15 0
                                    

Ch-133  အစီအစဥ်တစ်ခုနဲ့လာမယ်

  မိမိမှာစကားပင်မပြောနိုင်တော့ပဲ မျက်လုံးများပြူးကျယ်ကာကြည့်နေမိသည်။အန်းစွန်းသည်ကြမ်းပြင်ပေါ်တွင်လှုပ်နေဆဲပင်။သူ၏ခေါင်းအားမပစ်လိုက်မိပေမယ့် သူ့လက်မောင်းကိုမှန်ခဲ့သည်။အပြင်ဘက်မှကျည်ဆန်ကသေနတ်ကိုင်ထားသောသူ့လက်ကိုလာမှန်ခြင်းဖြစ်သည်။

  အစောပိုင်းမိမိတို့ကားထဲရှိနေကြစဉ်က မိမိမှာမိမိ၏ဖုန်းအားစုယန်၏လက်ထဲတိတ်တိတ်‌ေလးထိုးထည့်ပေးခဲ့သည်။မိမိသည်သူ့အားရှလင်းကိုထပ်မတိုက်တွန်းသင့်တော့ကြောင်းအရိပ်အမြွက်ပေးခဲ့သည်။

  ရှလင်းမှစုယန်၏ဖုန်းကိုသိမ်းသွားပြီးနောက်တွင် စုယန်မှာသူနှင့်ရင်းနှီးသောရဲဝန်ထမ်းများထံစာပို့ဖို့မိမိဖုန်းအားသုံးလို့ရနိုင်နေဆဲပင်။သူသည်မိမိတို့၏တည်နေရာအားသူတို့ထံပို့ခဲ့သည်။

  ထို့ကြောင့် တစ်ချိန်လုံးစုယန်နှင့်မိမိမှာအချိန်ပိုဆွဲရန်မိမိတို့ဘာသာကြိုးစားနေခဲ့ခြင်းဖြစ်သည်။မိမိတို့မှာအဆုံးသတ်ပြီဟုတွေးနေစဉ် အရေးကြီးသောအခိုက်အတန့်၌ရဲများပေါ်လာခဲ့သည်။

  မိမိတို့ကြိုးဖြေပြီးသည်နှင့် မိမိလုပ်လိုက်သည့်ပထမဆုံးအရာမှာ စုယန်အားပွေ့ဖက်လိုက်ခြင်းဖြစ်သည်။မိမိတို့မှာသေလုနီးပါးဖြစ်ခဲ့ကြပြီး မိမိတို့နှစ်ဦးသားနှင့်သာသက်ဆိုင်သောအရာတစ်ခုကိုတွေ့ကြုံခဲ့ရသည်။စုယန်၏နှလုံးမှာပြင်းပြင်းထန်ထန်ခုန်နေခဲ့သည်။မိမိမှာနှလုံးခုန်သံတစ်ချက်ချင်းစီအား ခံစားနိုင်ခဲ့သည်။

  "ငါတို့အခုအဆင်ပြေသွားပြီနော်။အဆင်ပြေသွားပါပြီ..."

  စုယန်မှာမိမိအားတိတ်တိတ်လေးနှစ်သိမ့်ပေးနေသည်။

  မိမိမှာအန်းစွန်းအားတစ်ချက်ကြည့်လိုက်သည်။သူသည်မျက်နှာကြက်အားဗလာသက်သက်ငေးကြည့်နေသည်။မိမိမှာမိမိလက်မောင်းပေါ်ရှိသေနတ်ဒဏ်ရာကိုလည်းမြင်လိုက်ရသည်။တစ်ကယ်တော့ မိမိမှကိုယ့်ဘာသာတွေးမိနေသည်မှာ ဝိုး ငါကရင်ဘတ်မှာတင်သေနတ်ပစ်ခံခဲ့ရတာမဟုတ်ပဲ....အခုကျလက်မောင်းမှာတောင်အပစ်ခံလိုက်ရပြန်ပြီပေါ့လေ။ဒါတွေနဲ့ထိုက်တန်ရလောက်အောင် ဘယ်လိုအပြစ်တွေကိုများငါကျူးလွန်ခဲ့မိတာပါလိမ့်နော်။ဘယ်လိုမိန်းကလေးမျိုးဆီမှာများ ဒီလောက်သေနတ်ဒဏ်ရာတွေရှိနေလို့လဲ။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now