Ch-104

182 13 0
                                    

Ch-104  ယိရှင်း၏ကလေးဘဝမှတ်ဉာဏ်(P-1)

  ဘဝ.....ဘဝအပေါ်မှာ မေးခွန်းပေါင်းမြောက်များစွာရှိတယ်။

   ဘဝဆိုတာဘာလဲ။ဘဝရဲ့တန်ဖိုးကဘာလဲ။ကျွန်မတို့ကဘာအတွက်အသက်ရှင်နေရတာလဲ။ဘဝဆိုတာက မွေးဖွားလာကတည်းက ကြိုတင်သတ်မှတ်ထားခဲ့ပြီးသားလား။ဘဝကိုထိန်းချုပ်နေတာက တစ်ကယ်ကိုဘယ်သူလဲ။

  ဤမေးခွန်းများမှာ ဘဝတစ်လျှောက်လုံး အဖြေမရှာဖွေနိုင်ဘဲ ကျန်ရှိနေကောင်းကျန်ရှိနေပေလိမ့်မည်။

  မိမိသာမိမိဘဝကိုထိန်းချုပ်နိုင်ပါလျှင် မိမိမှာသေချာပေါက်ကို ဤလမ်းကြောင်းအားရွေးချယ်ခဲ့မည်မဟုတ်ပေ။နေဦး တစ်ကယ်တော့ အခုကျငါကစုယန်နဲ့တွေ့ဆုံခဲ့ရလို့‌မသေချာတော့ပေမယ့်ပေါ့....

  ဒါပေမယ့်သူနဲ့မတွေ့ရသေးခင်ကဆိုရင်တော့ ငါကျိန်းသေပေါက်သေချာတယ်။

  လွန်ခဲ့တဲ့နှစ်များစွာတုန်းကတော့ ငါကငါ့မိဘတွေရဲ့ ရင်နှစ်သည်းချာလေးဖြစ်ခဲ့တာပေါ့။ငါတို့သုံးယောက်သားက ပျော်ပျော်ရွှင်ရွှင်နဲ့အတူတူနေထိုင်ခဲ့ကြတယ်။

  ကားအက်စီးဒန့်ကဘယ်အချိန်မှာဖြစ်ခဲ့တာလဲ။ငါသုံးနှစ်လား လေးနှစ်လားတုန်းကပဲ။ငါ့မှတ်ဉာဏ်တွေက နည်းနည်းမရေမရာဖြစ်နေပြီ။အဲ့နှစ်က ငါ့မိဘတွေကိုငါဆုံးရှုံးခဲ့ရတဲ့နှစ်ပေါ့။

  ငါ့ရဲ့စွဲမြဲနေတဲ့မှတ်ဉာဏ်တွေအကုန်လုံးက ငါမိဘမဲ့ဂေဟာမှာနေ‌ နေတဲ့အချိန်ကစတင်ခဲ့တယ်။မိဘမဲ့ဂေဟာကဥက္ကဌ၊ဆရာသမားတွေနဲ့ ကလေးတွေကိုငါမှတ်မိတယ်။ငါ့မှာလည်း အထူးသူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။

  ကမ္ဘာကြီးကဒီလိုပုံပဲလို့ ငါထင်ခဲ့တယ်။ပုံမှန်လူတွေနဲ့ ဖောက်ထွင်းမြင်နေရတဲ့လူတွေရှိကြတယ်ပေါ့။

  "နင်ကဘာလို့ ဘာမှမပြောတာလဲ"

  မိမိမှာ သဲရဲတိုက်အားဆောက်နေရင်း မိမိဘေးတွင်အမြဲရှိနေပေးသောသူငယ်ချင်းကို မေးလိုက်သည်။

  "နင်ကဒီနားမှာနေတာလား"

  ထုံးစံအတိုင်းပင် သူမကတုံ့ပြန်မလာခဲ့ပေ။သူမသည်မိမိကစားနေသည်ကိုသာ တိတ်တိတ်လေးစောင့်ကြည့်နေသည်။

ကျွန်တော့်ရဲ့ချစ်ရသူမှာသဘာ၀လွန်စွမ်းအား‌ေတွရှိနေတယ်(Complete ✅)Where stories live. Discover now